Friday, September 30, 2022

Latest Posts

ကဆုန်လပြည့်နေ့ မှာ ပရိသတ်တွေကို ဆုတောင်းစကားဆိုလိုက်တဲ့ မင်းသမီး ဝတ်မှုန်‌ရွှေရည်

Unicode Version

မင်းသမီးချောသရုပ်ဆောင် ဝတ်မှုန်ရွှေရည် ဟာ အနုပညာနယ်ပယ်မှာ အောင်မြင်မှုအများဆုံး ရရှိထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ နှလုံးသားဖြင့် ပြုလုပ်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု တို့ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည် ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လကတည်းက လူမူ့ကွန်ယက်မသုံးခဲ့တာ တစ်နှစ်နီးပါးတိုင်ရှိပြီပဲ ဖြစ်ပါတယ်။

မင်းသမီး ဝတ်မှုန်ရွှေရည် ဟာ ဧပရယ်လမှစပြီးတော့ လွမ်းနေတဲ့ သူ့ရဲ့ပရိသတ်တွေအတွက် လူမူ့ကွန်ယက်မှာ လှုပ်ရှားမူ့လေးတွေ တောက်လျှောက်တင်ပေးနေတာလဲ ဖြစ်ပါတယ်။ ဒီကနေ့ကတော့ မြန်မာပြည်သူတွေရဲ့ အထွတ်အမြတ်ထားတဲ့နေ့တစ်ခုဖြစ်တဲ့ “ကဆုန်လပြည့်နေ့”ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပြည်သူပြည်သားများအားလုံး ကောင်းမူ့ကုသိုလ်တွေအသီးသီး ပြုလုပ်နေကြပြီး ကဆုန်ညောင်ရေသွန်းပွဲတော်တွေကို မြို့ရွာအသီးသီးမှာ ကျင်းပနေကြပါတယ်။ ဝတ်မှုန်ရွှေရည် ဟာ ဒီနေ့လို မင်္ဂလာရှိတဲ့နေ့လေးမှာ ပရိသတ်တွေကို အခုလိုပဲ ဆုတောင်းပေးခဲ့ပါတယ်။ ” ကဆုန်လပြည့်နေ့ ” ဗုဒ္ဓအခါတော်နေ့ “မှာကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ဒီကနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ မှာ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ၊မြန်မာပြည်ကြီးလဲ အမြန်ဆုံးငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss