Tuesday, October 4, 2022
Latest Posts
ကမ္ဘာ့အချောဆုံး အဖြစ်သတ်မှတ်ခံထားရတဲ့ ကိုရီးယား-ကနေဒါ မော်ဒယ်‌ boy လေး
UNICODE VERSION
ကလေးသရုပ်ဆောင် များဟာ လူများစွာကို ဆွဲဆောင်နိုင်ပါတယ်။ ဖြူစင်သန့်ရှင်းပြီး ချစ်စဖွယ်ကောင်းသော အသွင်အပြင်ကြောင့်လူမှုကွန်ယက် မှာရေပန်းစား‌လာကာ အောင်မြင်ကြပါတယ်။ 2017 ခုနှစ်တွင် ရေပန်းစားသော ကလေးမော်ဒယ် Cooper JiAn Lunde ကိုသိမှာမှာပါနော်။
ကိုးရီယား နဲ့ ကနေဒါ ကပြားဖြစ်တဲ့ Cooper JiAn Lunde ကို ၂၀၁၃ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ Cooper JiAn Lundeလေးဟာ အသက် ၄ နှစ်အရွယ်ကတည်း က ဆိုရှယ်မီဒီယာ မှာရေပန်းစားလားခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ ကြီးမားသောမျက်လုံးဝိုင်းဝိုင်းများ၊ ရှည်လျားသောမျက်တောင်များ၊ ဖြူဖွေးသောအသားအရေနှင့် ပြည့်ဖြိုးတဲ့ မျက်နှာတို့ကြောင့် အင်တာနက်သုံးစွဲသူ တော်တော်များများရဲ့ အချစ်ကို ခံခဲ့ရတာပဲဖြစ်ပါတယ်။
Cooper JiAn Lunde လေးဟာ ကျော်ကြားလာတာကြောင့် နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ်များစွာအတွက်မော်ဒယ်လ်လုပ်ခဲ့ရပြီး သူရဲ့ပုံရိပ်တွေဟာ နေရာတိုင်းမှာထင်းရှားလာပါတယ်။ Cooper လေးဟာ သူရဲ့ ကျော်ကြားမှုကို ၅ နှစ်ကြာထိန်းသိမ်းထားခဲ့ပြီး သူ့ရဲ့ Facebook fanpage တွင် follower 500,000 ကျော်ရှိလို့နေပါတယ်။
အသက် 9 နှစ်ရှိပြီဖြစ်တဲ့ ကလေးမော်ဒယ်လေးဟာ ငယ်စဉ်ကတည်းက ကျော်ကြားခဲ့ပြီး မတူညီတဲ့ပတ်ဝန်းကျင်တွေနဲ့ ထိတွေ့ခဲ့ရပေမယ့် သူ့ရဲ့လှုပ်ရှားမှုအားလုံးကို သူ့အမေက စီမံခန့်ခွဲနေဆဲပါ။ထို့အပြင် ကလေးမော်ဒယ်ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝကိုလည်း လျှို့ဝှက်ထားပေးပါသေးတယ်။ သူဟာ မကြာခဏဆိုသလို ဖျော်ဖြေရေး လှုပ်ရှားမှုများတွင် ပါဝင်ပါတယ်။
Cooperလေးဟာ သူ့ညီမနဲ့လည်းအလွန်ရင်နှီးပြီး သူတို့နှစ်ယောက်လုံးဟာ နာမည်ကြီး ကလေးမော်ဒယ်တွေဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်လုံးကို သူတို့ရဲ့အမေက ပညာတွေသင်ယူစေကာ အကာအကွယ်ပေးနေတာပဲဖြစ်ပါတယ်။
ZAWGYI VERSION
Latest Posts
Don't Miss