Monday, October 3, 2022

Latest Posts

ကိုယ့်ရုပ်ကို ပြန်ကြည့်ပြီးလန့်တယ်လို့ ရင်ဖွင့်လိုက်တဲ့ လူရွှင်တော် ပိုးလေး

Unicode Version

ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော် ပိုးလေး ကိုတော့ ဟာသကိုကြိုက်နှစ်သက်သူတိုင်းသိလိမ့်မယ်လို့ထင်ပါတယ်။ ဟားငါးကောင်းအဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ကို လူရွှင်တော် တိုင်းကျော်၊ပြည်ကျော်၊ပိုးလေး၊ဝိုင်းကျော်၊တိုးကျော် အစရှိတဲ့ လူရွှင်တော်ငါးဦးနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ လက်ရှိမှာ ဟားငါးကောင်အဖွဲ့ ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ လူရွှင်တော် ပိုးလေး ကတော့ သူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ အခုလိုပဲရေးသားလာခဲ့ပါတယ်။

ဟားငါးကောင် လူရွှင်တော် ပိုးလေး ကတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိတာနေတာဟာဆိုရင်တော့ လပေါင်းများစွာရှိနေပါပြီ။ စတင်ရောက်ရှိတဲ့အချိန်ကစလို့ လက်ရှိအချိန်မှာ ပြောင်းလဲသွားတဲ့ သူ့ရဲ့ရုပ်ရည်သွင်ပြင်ကြောင့် စိတ်မကောင်းဖြစ်နေတဲ့အကြောင်းကို ပရိသတ်တွေကို အခုလိုပဲ ရင်ဖွင့်လာပါတယ်။ ” တစ်ခါတစ်လေမှာ ကိုယ့်ရုပ်ကိုပြန်ကြည့်ပြီး တကယ်လန့်မိတယ်။ ဒါပေမယ့် ငါပေးဆပ်ရတာ တန်ပါတယ်ကွာလို့ ကိုယ့်ကိုကိုယ် ပြန်အားပေးမိတယ်။ မအေလိုးသာ အာဏာမရူးခဲ့ရင် ……” ဆိုတဲ့အကြောင်းကို ပိုးလေး ဟာသူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ ရေးသားထားတဲ့သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ သူ့ရဲ့ပိုစ်အောက်မှာတော့ ချစ်တဲ့ပရိသတ်တွေက စိတ်ဓာတ်မကျဖို့ နဲ့ အားတင်းထားကြဖို့ အားပေးစကားပြောထားပြီး ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးထားတာကိုလဲ တွေ့ရပါတယ်။

ကဲ… Cele Only စာဖတ်ပရိသတ်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ လူရွှင်တော် ပိုးလေး အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version





Latest Posts

Don't Miss