Tuesday, October 4, 2022

Latest Posts

ကိုယ်၀န်ပျက်ကျပြီးနောက် ဒုတိယမြောက်ရင်သွေးကိုမျှော်လင့်နေကြတဲ့ Park Si Eun နဲ့Jin Tae Hyun

UNICODE VERSION

မင်းသမီး Park Si Eun နဲ့ မင်းသား Jin Tae Hyun တို့ဟာ ကိုယ်ဝန် နှစ်ကြိမ်ပျက်ကျခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်ဝန် နှစ်ကြိမ်ပျက်ကျပြီးနောက် ဒုတိယမြောက်ရင်သွေးကို မျှော်လင့်နေကြတာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ 21 ရက်နေ့တွင် မင်းသား Jin Tae Hyun က ကိုယ်ဝန်သတင်းကို ကြေညာရန် သူရဲ့ Instagram တွင် တင်ခဲ့ပါတယ်။

မင်းသမီး Park Si Eun နဲ့ မင်းသား Jin Tae Hyun တို့စုံတွဲဟာ ကိုယ်ရေးကိုယ်တာ Instagram တွင် တင်ခဲ့ပါတယ်။ သူတို့စုံတွဲဟာ 2015 ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ 2019 ခုနှစ် မှာကောလိပ်တက်နေပြီဖြစ်တဲ့ သူတို့ရဲ့ သားဦးလေးကို မွေးစားခဲ့ပါတယ်။ မင်းသား Jin Tae Hyun က သူတို့ရဲ့ မင်္ဂလာဓာတ်ပုံနဲ့အတူ “2021 မှာ ငါတို့မှာ ကိုယ်ဝန်ပျက်ကျမှု နှစ်ခုရှိခဲ့တယ်။ ကောင်းကင်တစ်ခုလုံး ပြိုပျက်သွားသလို ခံစားရတယ်။

ဒါပေမယ့် ဒီဇင်ဘာတုန်းကတော့ နောက်ထပ် အံ့ဖွယ်အမှုတွေက သဘာဝအတိုင်း ဖြစ်လိုလာပါတယ်။ အခုချိန်မှာတော့ တည်ငြိမ်တဲ့အဆင့်ကို ရောက်နေပြီဖြစ်ပြီး မိခင်ရော ကလေးရော ကျန်းမာပါတယ်။ ပြီးခဲ့တဲ့‌ ‌ဆောင်းရာသီက ကျွန်တော်တို့ ခက်ခဲတဲ့ခရီးကို ဖြတ်လျှောက်ခဲ့ရတာပါ။ ဘယ်လိုအခြေအနေမျိုးပဲထွက်ထွက် ‌နောက်ဆုံးမှာ ကျွန့်တော့မိန်းမ ကျန်းမာနေ‌တာကိုပဲ အဆင်ပြေရပါတယ်။ ကျေးဇူးပြုပြီး ကျွန့်တော့် မိန်းမကို ဒီခရီးအတွက် ကူညီပေးကြပါ။ သူမအတွက်ဆို ကျွန်တော် အရာအရာလုပ်ပေးဖို့အဆင်သင့်ပါဘဲ” ဆိုပြီး ရေးသားခဲ့တာပဲဖြစ်ပါတယ်။

Park Si Eun နဲ့Jin Tae Hyun တို့နှစ်ယောက်ရဲ့ သတင်းအတွက် တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ဘ၀လေးကိုပိုင်ဆိုင်နိုင်ပါစေလို့လည်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ZAWGYI VERSION






Latest Posts

Don't Miss