Tuesday, October 4, 2022

Latest Posts

ကလေးငယ်လေးတွေ ကောင်းမွန်စွာပညာသင်ခွင့်တွေ ဆုံးရှုံးနေခဲ့ကြတာနှစ်နဲ့ချီနေပါပြီ ဆိုတဲ့ ဒေါင်း

Unicode Version

စာဖတ်ပရိသတ်ကြီးရေ မြန်မာနိုင်ငံအာဏာမသိမ်းခင်ကတည်းက နိုင်ငံရပ်ခြားကို ရောက်ရှိနေပေမယ့် အာဏာသိမ်းပြီးတဲ့အချိန်ကနေ ဒီနေ့အထိ ပြည်သူတွေနဲ့အတူ တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေးနေသူကတော့ မင်းသား ဒေါင်း ပါပဲနော်။ ဒီလိုပါဝင်မူ့တွေကြောင့် ဒေါင်း ကို စစ်ကောင်စီမှ ပုဒ်မ (၅၀၅) နဲ့ တရားစွဲတဲ့အပြင် မြန်မာနိုင်ငံသားအဖြစ်ကနေပါ ရပ်စဲလိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တော်လှန်ရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမူ့တွေကတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်လက်ကိုင်နေဆဲဖြစ်တာကြောင့် သူ့ရဲ့ခိုင်မာတဲ့ စိတ်ဓာတ်ကလဲ လေးစားချီးကျူးစရာပါပဲ။

မင်းသား ဒေါင်း ဟာ ကလေးငယ်လေးတွေ ကောင်းမွန်စွာ ပညာသင်ခွင့်တွေ ဆုံးရှုံးနေခဲ့တာ နှစ်နဲ့ချီနေကြပြီဖြစ်တဲ့အကြောင်းကို ” ကလေးငယ်တိုင်းဟာ လွတ်လပ်စွာပညာသင်ခွင့် ရရှိသင့်ပေမယ့်ကျွန်တော်တို့တိုင်းပြည်ရဲ့ မှောင်မိုက်နေတဲ့နေ့ရက်များမှာ ကလေးငယ်များဟာကောင်းမွန်စွာပညာသင်ခွင့်တွေနေဆုံးရှုံးနေခဲ့ကြတာနှစ်နဲ့ချီနေပါပြီ။ စာသင်ခန်းထဲမှာသက်တူရွယ်တူ သူငယ်ချင်းများနဲ့ပျော်ရွှင်စွာစာသင် ဆော့ကစားနေရမယ့်အရွယ်လေးတွေဟာအခုတော့ အိမ်ထဲမှာပဲသူတို့ပညာရေးကို အသက်ဆက်နေရပါတယ်။ လက်ရှိကာလရဲ့ အဆင်မပြေမှုများကြောင့် ကြားကာလမှာ FOEIM နှင့်အခြားသော online educational page များဟာ ကလေးများအတွက် online ကနေပညာဆက်လက်သင်ခွင့်ရအောင်ကြိုးစားပေးထားတာတွေ့ရပါတယ်ခင်ဗျ။ ကလေးငယ်များကိုပညာတတ်လေးများဖြစ်လာအောင်ပြုစုပျိုးထောင်ခြင်းကလည်းကောင်းမွန်သောတိုင်းပြည်ဖြစ်လာစေဖို့တည်ဆောက်ခြင်းတမျိုးပါပဲဗျ။ ဒါကြောင့် ကျွန်တော့်ရဲ့ DAC page မှ ရရှိသော fund များအား ပညာရေးရံပုံငွေအဖြစ် လှူဒါန်းသုံးစွဲဖို့ရည်ရွယ်ထားပါတယ်ဗျ။ နောက်အသစ်ထပ်လာမယ့် project များမှာလည်း ယခုလိုပဲ ညီအစ်ကိုမောင်နှများအားလုံးဝိုင်းဝန်းပါဝင်လှူဒါန်းခြင်းဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကလေးတွေကိုကျွန်တော်တို့ အတူတကွပြုစုပျိုးထောင်ကြရအောင်ဗျ” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်ကနေတစ်ဆင့် မေတ္တာရပ်ခံထားတာကိုလဲ တွေ့ရပါတယ်။

ပရိသတ်ကြီးရေ မင်းသား ဒေါင်း ရဲ့လှုပ်ရှားမူ့တွေမှာ ပါဝင်ချင်ရင်တော့ သူကိုယ်တိုင်ဖန်တီးထားတဲ့ အိတ်ကလေးတွေကို ဝယ်ယူအားပေးပြီး တော်လှန်ရေးအတွက် တတ်နိုင်သလောက်ပါဝင်ကြဖို့ ဖိတ်ခေါ်ထားတာကိုလဲ တွေ့ရပါတယ်။ ဒါအပြင် ဒေါင်း ဟာ ဝယ်ယူအားပေးတဲ့ အလှူရှင်တွေကို ကျေးဇူးတင်စကား ပြောထားပါသေးတယ်။

ZawGyi Version

ကေလးငယ္ေလးေတြ ေကာင္းမြန္စြာပညာသင္ခြင့္ေတြ ဆုံးရႈံးေနခဲ့ၾကတာႏွစ္နဲ႔ခ်ီေနပါၿပီ ဆိုတဲ့ ေဒါင္း

စာဖတ္ပရိသတ္ႀကီးေရ ျမန္မာႏိုင္ငံအာဏာမသိမ္းခင္ကတည္းက ႏိုင္ငံရပ္ျခားကို ေရာက္ရွိေနေပမယ့္ အာဏာသိမ္းၿပီးတဲ့အခ်ိန္ကေန ဒီေန႔အထိ ျပည္သူေတြနဲ႔အတူ ေတာ္လွန္ေရးအတြက္ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ေပးေနသူကေတာ့ မင္းသား ေဒါင္း ပါပဲေနာ္။ ဒီလိုပါဝင္မူ႔ေတြေၾကာင့္ ေဒါင္း ကို စစ္ေကာင္စီမွ ပုဒ္မ (၅၀၅) နဲ႔ တရားစြဲတဲ့အျပင္ ျမန္မာႏိုင္ငံသားအျဖစ္ကေနပါ ရပ္စဲလိုက္တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ေတာ္လွန္ေရးနဲ႔ ပတ္သက္တဲ့ လႈပ္ရွားမူ႔ေတြကေတာ့ အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ ဆက္လက္လက္ကိုင္ေနဆဲျဖစ္တာေၾကာင့္ သူ႔ရဲ႕ခိုင္မာတဲ့ စိတ္ဓာတ္ကလဲ ေလးစားခ်ီးက်ဴးစရာပါပဲ။

မင္းသား ေဒါင္း ဟာ ကေလးငယ္ေလးေတြ ေကာင္းမြန္စြာ ပညာသင္ခြင့္ေတြ ဆုံးရႈံးေနခဲ့တာ ႏွစ္နဲ႔ခ်ီေနၾကၿပီျဖစ္တဲ့အေၾကာင္းကို ” ကေလးငယ္တိုင္းဟာ လြတ္လပ္စြာပညာသင္ခြင့္ ရရွိသင့္ေပမယ့္ကြၽန္ေတာ္တို႔တိုင္းျပည္ရဲ႕ ေမွာင္မိုက္ေနတဲ့ေန႔ရက္မ်ားမွာ ကေလးငယ္မ်ားဟာေကာင္းမြန္စြာပညာသင္ခြင့္ေတြေနဆုံးရႈံးေနခဲ့ၾကတာႏွစ္နဲ႔ခ်ီေနပါၿပီ။ စာသင္ခန္းထဲမွာသက္တူ႐ြယ္တူ သူငယ္ခ်င္းမ်ားနဲ႔ေပ်ာ္႐ႊင္စြာစာသင္ ေဆာ့ကစားေနရမယ့္အ႐ြယ္ေလးေတြဟာအခုေတာ့ အိမ္ထဲမွာပဲသူတို႔ပညာေရးကို အသက္ဆက္ေနရပါတယ္။ လက္ရွိကာလရဲ႕ အဆင္မေျပမႈမ်ားေၾကာင့္ ၾကားကာလမွာ FOEIM ႏွင့္အျခားေသာ online educational page မ်ားဟာ ကေလးမ်ားအတြက္ online ကေနပညာဆက္လက္သင္ခြင့္ရေအာင္ႀကိဳးစားေပးထားတာေတြ႕ရပါတယ္ခင္ဗ်။ ကေလးငယ္မ်ားကိုပညာတတ္ေလးမ်ားျဖစ္လာေအာင္ျပဳစုပ်ိဳးေထာင္ျခင္းကလည္းေကာင္းမြန္ေသာတိုင္းျပည္ျဖစ္လာေစဖို႔တည္ေဆာက္ျခင္းတမ်ိဳးပါပဲဗ်။ ဒါေၾကာင့္ ကြၽန္ေတာ့္ရဲ႕ DAC page မွ ရရွိေသာ fund မ်ားအား ပညာေရးရံပုံေငြအျဖစ္ လႉဒါန္းသုံးစြဲဖို႔ရည္႐ြယ္ထားပါတယ္ဗ်။ ေနာက္အသစ္ထပ္လာမယ့္ project မ်ားမွာလည္း ယခုလိုပဲ ညီအစ္ကိုေမာင္ႏွမ်ားအားလုံးဝိုင္းဝန္းပါဝင္လႉဒါန္းျခင္းျဖင့္ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အနာဂတ္ကေလးေတြကိုကြၽန္ေတာ္တို႔ အတူတကြျပဳစုပ်ိဳးေထာင္ၾကရေအာင္ဗ်” လို႔ သူ႔ရဲ႕လူမူ႔ကြန္ယက္ေပၚကေနတစ္ဆင့္ ေမတၱာရပ္ခံထားတာကိုလဲ ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ မင္းသား ေဒါင္း ရဲ႕လႈပ္ရွားမူ႔ေတြမွာ ပါဝင္ခ်င္ရင္ေတာ့ သူကိုယ္တိုင္ဖန္တီးထားတဲ့ အိတ္ကေလးေတြကို ဝယ္ယူအားေပးၿပီး ေတာ္လွန္ေရးအတြက္ တတ္ႏိုင္သေလာက္ပါဝင္ၾကဖို႔ ဖိတ္ေခၚထားတာကိုလဲ ေတြ႕ရပါတယ္။ ဒါအျပင္ ေဒါင္း ဟာ ဝယ္ယူအားေပးတဲ့ အလႉရွင္ေတြကို ေက်းဇူးတင္စကား ေျပာထားပါေသးတယ္။

Latest Posts

Don't Miss