Monday, October 3, 2022
Latest Posts
ကိုယ်လုပ်နိုင်တာကိုယ်လုပ် ကို့အလုပ်ကိုယ်လုပ် လို့ ထိထိမိမိပြောလိုက်တဲ့ မူးလာ
Unicode Version
ပရိသတ်ကြီးရေ ဆံပင်ရှည်ရှည် တိုင်းရင်းသားအဆိုတော်တစ်ဦးဖြစ်တဲ့ ‌ကရင်တိုင်းရင်းသားလေးဖြစ်တဲ့ စောခရစ်မူးလာ ကိုတော့လူတိုင်းသိလိမ့်မယ်ထင်ပါတယ်နော်။ Myanmar Idol သီချင်းဆိုပြိုင်ပွွဲကြီးမှာ ဝင်ရောက်ယျဉ်ပြိုင်ခဲ့ပြီး မိန်းကလေးပရိသတ်ပေါင်းများစွာကို အခိုင်အမာရရှိထားသူတစ်ယောက်လဲဖြစ်ပါတယ်။ Rock သီချင်းတွေကိုသီဆိုရတာကြိုက်နှစ်သက်သူဖြစ်ပြီး အသံပါဝါကောင်းကောင်းကိုလဲ ပိုင်ဆိုင်ထားပါတယ်။ ဒါအပြင် မူးလာ ရဲ့ခိုင်မာတဲ့စိတ်ထားကိုသိလိုက်ရတဲ့အချိန်မှာတော့ အားပေးရတဲ့ပရိသတ်တွေကတော့ အရင်ကထက်ပိုမိုချစ်ခင်အားပေးရပြန်ပါတယ်။ ကရင်လူမျိုးဖြစ်တဲ့ စောခရစ်မူးလာ ဟာအမှန်တရားအတွက် လွတ်မြောက်နယ်မြေကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ အဆိုတော် မူးလာ ဟာ အွန်လိုင်းပေါ်မှာ တော်လှန်ရေးနဲ့ပတ်သတ်လို့ စကားတစ်ခွန်းပြောလိုက်ပါတယ်။
အဆိုတော် မူးလာ ဟာ တော်လှန်ရေးနဲ့ပတ်သတ်လို့ စာသားလေးတွေနဲ့ ပတ်သတ်လို့ အမြဲတမ်းမျှဝေနေကျဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပေမယ့် ပြည်သူတွေအတွက် အွန်လိုင်းပေါ်မှာ စိတ်ခွန်အားဖြစ်စေမယ့် အကြောင်းအရာလေးတွေကို တင်ပေးနေတာပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်း ” ကိုယ့်အလုပ် ကိုယ်လုပ်ထပ်ပြောမယ် ကိုယ့်အလုပ်ကိုယ်လုပ် ယောင်ရာဆီမလူးနဲ့ အကုန်ချောပြီးချော်လဲမှာ စာနာအသိတရားရှိထပ်ပြောမယ် ကိုယ်လုပ်နိုင်တာကိုယ်လုပ် ကို့အလုပ်ကိုယ်လုပ် ” လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်ကနေ စာသားလေးအချို့ကို ထိထိမိမိရေးသားလိုက်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မူးလာ ဟာ မိသားစုနဲ့ ဝေးကွာပြီး နေရတာကြောင့် တစ်ခါတရံ မိသားစုကို လွမ်းလွန်းတာကြောင့် လွမ်းတဲ့အကြောင်း စာသားလေးတွေကို ပရိသတ်တွေဆီ မျှဝေနေကျဖြစ်ပါတယ်။
Cele Only ပရိသတ်ကြီးရေ မိသားစုနဲ့ခွဲခွာပြီး တော်လှန်ရေးအတွက် အစွမ်းကုန် ကြိုးစားအားထုတ်နေတဲ့ အဆိုတော် စောခရစ် မူးလာ အတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ပြောပေးခဲ့ပါအုန်းနော်။ မူးလာ တစ်ယောက်လဲ ဘေးကင်းကျန်းမာစွာနဲ့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပြီးတော့ ချစ်တဲ့အနုပညာလုပ်ငန်းတွေကိုလဲ အမြန်ဆုံးပြန်လည် လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ZawGyi Version
Latest Posts
Don't Miss