Tuesday, October 4, 2022

Latest Posts

ကျဆုံးသွားတဲ့ လုပ်ဖော်ကိုင်ဖက် ညီလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ လူရွှင်တော် ပိုးလေး

Unicode Version

ပရိသတ်ကြီရေ ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော် ပိုးလေး ကိုတော့ ဟာသကိုကြိုက်နှစ်သက်သူတိုင်းသိလိမ့်မယ်လို့ထင်ပါတယ်။ ဟားငါးကောင်အဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ကို လူရွှင်တော် တိုင်းကျော်၊ပြည်ကျော်၊ပိုးလေး၊ဝိုင်းကျော်၊တိုးကျော် အစရှိတဲ့ လူရွှင်တော်ငါးဦးနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ လက်ရှိမှာ ဟားငါးကောင်အဖွဲ့ ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ လူရွှင်တော် ပိုးလေး ကတော့ မှိုင်နေလို့ ငိုင်နေလို့မရဘူးလို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဟားငါးကောင်အဖွဲ့ဟာ လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကျရှုံးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ရဲဘော်လေးနဲ့ ပတ်သတ်ပြီး စိတ်မကောင်းဖြစ်နေတာကြတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး လူရွှင်တော် ပိုးလေး က “ဒီနေ့မှာ ဆုံးသွားတဲ့ ကျွန်တော့တို့ညီလေးက ​စစ်အာဏာရှင်ကို မကျေနပ်လို့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ဖို့ မိသားစုကို စွန့်ခွာပြီး တောထဲရောက်နေတဲ့ GZ လေးတစ်ယောက်ပေါ့ ဒါပေမယ့် သူ့မှာ လက်နက်မပြောနဲ့ PDF ဝတ်ဆုံလေးတောင် ဝတ်မသွားခဲ့ရဘူးဗျာ။ စစ်သင်တန်းတော့တက်ခဲ့ပြီးပြီဗျ။ စစ်အာဏာရှင်ကို မုန်းလို့ မိသားစုကို ပစ်ပြီး လာခဲ့တဲ့ ကလေးတွေအများကြီးပေါ့ဗျာ။ သူတို့ လုပ်ချင်တာနဲ့ သူတို့ဖြစ်နေတာတွေက တထပ်ထဲ မကျတဲ့အခါမှာ တာဝန်ရှိ လူကြီးမင်းများ ခင်ဗျားတို့ ဘာလုပ်ပေးမှာလဲ ကျွန်တော် ထပ်မေးမယ် ခင်ဗျားတို့ ဘာလုပ်ပေးမှာလဲ ” လို့မေးခွန်းထုတ်ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

လူရွှင်တော် ပိုးလေး နဲ့အဖွဲ့ကတော့ ကျဆုံးသွားတဲ့ လုပ်ဖော်ကိုင်ဖက် ညီလေးအတွက် စိတ်မကောင်းဖြစ်နေပါတယ်နော်။ ဒါကြောင့် ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ အနုပညာရှင်တွေကို ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version





Latest Posts

Don't Miss