Monday, October 3, 2022

Latest Posts

ကျန်းမာရေး နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးလိုက်တဲ့ အဆိုတော် G Fatt

Unicode Version

ဟစ်ဟော့အဆိုတော် G Fatt ဟာ ပရိတ်သတ်အားပေးမှု့ကို တခဲနက်ရရှိထားတဲ့ နာမည်ကြီးအဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ ဘဝကို သုညကနေစတင်လာပြီး နာမည်ကျော်အဆိုတော်ဖြစ်အောင် ကြိုးစားခဲ့တဲ့ G Fatt ဟာ လူငယ်ပရိသတ်တွေအတွက်ကတော့ စံပြပါပဲ။ ဒါကြောင့်လဲ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ ဘဝစာမျက်နှာတွေကို သီချင်းတွေထဲမှာ ထည့်ရေးလေ့ရှိတာကို ချစ်တဲ့ပရိသတ်ကြီးလဲ သတိထားမိမယ် ထင်ပါတယ်။ ဒါအပြင် သူ့ရဲ့ ကာရံလှလှလေးတွေနဲ့ အချစ်သီချင်းချိုချိုလေးကလဲ ပရိသတ်တွေရင်ထဲကိုရောက်ရှိခဲ့ပြီး အတော်လေးနာမည်ကြီးခဲ့ပါတယ်။

G fatt ကတော့ လူထုလှုပ်ရှားမှု့တွေမှာ တက်ကြွစွာပါ၀င်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) အရေးယူခံခဲ့ရပါတယ်။ ဒါကြောင့် အနုပညာလှုပ်ရှားမူ့တွေမရှိတော့တဲ့ G Fatt ဟာ ဝင်ငွေမရှိဘဲ မိသားစုရပ်တည်နိုင်အောင် ကြိုးစားနေရပါတယ်။ မကြာသေးခင်ရက်ပိုင်းလောက်က အဆိုတော် G fatt ဟာ အိုမီခရွန်ရောဂါ ကူးစက်ခံစားခဲ့ရပါတယ်။ စိတ်ပူပြီးချစ်တဲ့ ပရိသတ်တွေအတွက် G fatt ကတော့ ကျန်းမာရေးနဲ့ ပတ်သက်နဲ့ အသိပေးစကား ဆိုလိုက်ပါတယ်။ ” ကျွန်တော်တော့ အိုမီခရွန် ကင်းစင် သွားပါပြီ ။ ချောင်းဆိုးတော့နဲနဲကျန်ခဲ့သေးတယ် ။ အစစအရာရာဂရုစိုက်ကြပါ ” လို့ သူ့ရဲ့လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

ချစ်တဲ့ ပရိသတ်ကြီးရေ G Fatt ကတော့‌ နေ‌ကောင်းကျန်းမာလာပါပြီနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version





Latest Posts

Don't Miss