Friday, September 30, 2022
Latest Posts
ခင်ပွန်းဖြစ်သူ ၃ လပြည့်အတွက် အလှူအတန်းတွေပြုလုပ်ပေးခဲ့တဲ့ နန်းမြတ်ဖြိုးသင်း
Unicode Version
ပရိသတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် မင်းသမီးချော အဆိုတော် နန်းမြတ်ဖြိးသင်း ရဲ့ခင်ပွန်းကတော့ ကိုဗစ်ရောဂါဆိုးကြီးရဲ့ဒဏ်ကြောင့် မိသားစုကို ရုတ်တရတ် နှုတ်ဆက်ခွဲခွာသွားခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူကွယ်လွန်ပြီးနောက်ပိုင်း ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်ကို အကောင်းဆုံးစောက်ရှောက်နေတာကိုလဲတွေ့ရပါတယ်။ ကလေးတွေအရွယ်ရောက်လာရင် လက်ဆောင်ပေးဖို့ ဂျက်လေးနဲ့ဂျူးလေးတို့ရဲ့ ချက်ကြွေနဲ့မွေးဆံပင်လေးတွေကို key chain လုပ်ပီးသိမ်းထားတဲ့ နန်းမြတ် ရဲ့မိခင်မေတ္တာကလဲ ကြီးမားလွန်းပါတယ်နော်။ နိုဝင်ဘာလ ၂၁ရက်နေ့ က ခင်ပွန်းဖြစ်သူ ကိုတာတာမျိုး ကွယ်လွန်ခဲ့တာ ၃လပြည့်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်။
နန်းမြတ်ဖြိုးသင်း ကတော့ ခင်ပွန်းဖြစ်သူကို ရည်စူးပြီးတော့ ကုသိုလ်ကောင်းမှု့တွေပြုလုပ်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ၃လပြည့်အတွက် YGW မိဘမဲ့ကလေးများ စောက်ရှောက်ရေးကျောင်း မှာ အာဟာရဒါန ညနေစာလှူဒါန်းခဲ့ပြီးတော့ ကလေးများအတွက်လိုအပ်တဲ့ ဆေးပစ္စည်းတွေနဲ့ ဖြည့်စွက်စာအချို့ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ” ၃လပြည့်ခဲ့ပီယောက်ျားရေ အိပ်မပျော်တဲ့ညတွေ ထိန်းထားလျက်နဲ့ကျလာတဲ့မျက်ရည်တွေ ဘဝကြီးကအဓိပ္ပါယ်မဲ့သွားသလိုရက်တွေရှိပေမယ့်လေ ဘာလေးလှူပေးရမလဲလို့အမြဲစဉ်းစားတယ် ပျော်စရာအမှတ်တရတွေပဲအမြဲကြိုးစားတွေးတယ် ယောက်ျားရှိစဉ်တုန်းကထားချင်တဲ့ဘဝမျိုးဖြစ်အောင်အမြဲကြိုးစားပီးနေနေပါတယ် ” လို့ နန်းမြတ် ဟာသူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ နန်းမြတ်ရဲ့ပိုစ်အောက်မှာ မကြာသေးခင်ကမှ ခင်ပွန်းဖြစ်သူဆုံးရှုံးထားတဲ့ ပြေတီဦးရဲ့ ညီမဖြစ်သူက ငွေတီဦး က သူမနဲ့ ဘဝတူတွေဖြစ်သွားပြီလို့ စိတ်မကောင်းစွာ ဝင်ရောက်ရေးသားထားတာကို တွေ့ရပါတယ်။
နန်းမြတ်ဖြိုးသင်း ဟာ ခင်ပွန်းဖြစ်သူ ဆုံးရှုံးသွားခဲ့တာ ၃လပြည့်ခဲ့ပေမယ့် တစ်ရက်မှမေ့လို့မရသေးတာကြောင့် ခင်ပွန်းဖြစ်သူနဲ့ပတ်သတ်တဲ့ အမှတ်တရတွေကိုအမြဲတမ်း ပြန်လည်မျှဝေရင်း အလွမ်းဖြေနေရတာပဲဖြစ်ပါတယ်။ Cele Only ပရိသတ်ကြီးရေ နန်းမြတ်‌ေလး ကိုအားပေးစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။
ZawGyi Version
Latest Posts
Don't Miss