Friday, September 30, 2022

Latest Posts

ချစ်ခင်ပွန်း ကိုခန့်နိုင်ရဲ့မွေးနေ့မှာ လူအယောက် ၅၅၀စာအတွက် လှူဒါန်းလိုက်တဲ့ ခိုင်သင်းကြည်

Unicode Version

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါတုန်းကထဲက အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီး ခိုင်သင်းကြည် ဟာ မြန်မာ့ရုပ်ရှင်လောကမှာ ပရိသတ်အခိုင်အမာ ရရှိထားတာပဲဖြစ်ပါတယ်။ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုသွက်လက်လွန်းတဲ့ သူမကိုပရိသတ်တိုင်းက အားကျနေကြတာလဲဖြစ်ပါတယ်။ ဒါအပြင် လက်ရှိအချိန်မှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ ချစ်ဖို့ကောင်းတဲ့သမီးလေးတစ်ယောက်လဲ ရှိပါသေးတယ်။ အနုပညာမျိုးရိုးရှိသူပီပီ သူမရဲ့သမီးလေးဟာ မိခင်ဖြစ်သူလိုပဲ ပရိသတ်တွေရဲ့ချစ်ခင်မှု့ကို ရရှိထားတဲ့သူလေးတစ်ယောက်ဖြစ်နေပါပြီ။ ဒီဇင်ဘာလ ၃ ရက်နေ့ဟာ ခိုင်သင်းကြည် ရဲ့ချစ်ခင်ပွန်း ကိုခန့်နိုင်ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည် ကတော့သူမရဲ့ချစ်ခင်ပွန်းနဲ့အတူ ခိုင်မြဲတဲ့အိမ်ထောင်ရေးကို တည်ထောင်ထားတာဆိုတော့ ရတုအဆက်ဆက် ပြည့်ခဲ့ပါပြီနော်။ ဒါကြောင့်လဲ သူမတို့ရဲ့ အိမ်ထောင်ရေးကို လူတိုင်းကလေးစားအားကျ အတုယူနေကြတာလဲဖြစ်ပါတယ်။ ခိုင်သင်းကြည် ဟာအနုပညာမှာအောင်မြင်ရုံတင်မက ခင်ပွန်းဖြစ်သူနဲ့စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်ရင်း ဘဝကိုပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ သူမခင်ပွန်းမွေးနေ့မှာလဲ လူအယောက် ၅၅၀ဆယ်ရာအတွက် လှူဒါန်းမှု့တွေပြုလုပ်ခဲ့ပါသေးတယ်။ ဒီအကြောင်းကို ” ဦးခန့်နိုင်မွေးနေ့အမှတ်တရလူအယောက်၅၅၀စာဆန်နှင့်ဆီအလှူ ” ဆိုပြီး ခိုင်သင်းကြည် ဟာသူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ သူမတို့မိသားစုအတူတကွလှူဒါန်းနေတဲ့ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားထားတဲ့သတင်းလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Cele Only … ပရိသတ်ကြီးရေ ခိုင်သင်းကြည် တို့မိသားစုရဲ့အလှူလေးကို သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။ ခိုင်သင်းကြည် တို့မိသားစုလဲ ဒီထက်မကစီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်ပြီးတော့ ချစ်ရတဲ့မိသားစုလေး ချစ်ခြင်းမေတ္တာတွေ ထာဝရခိုင်မြဲသာယာပါစေလို့ ဆုတောင်းစကားပါးလိုက်ပါတယ်၊

ZawGyi Version





Latest Posts

Don't Miss