Friday, September 30, 2022

Latest Posts

ချစ်တဲ့သူတွေကို သတိရသလို မုန်းတဲ့သူတွေကိုလည်း မမေ့ပါဘူးဗျာ ဆိုတဲ့ ဦးကျော်သက်လင်း

Unicode Version

မြန်မာစံတော်ချိန် ည ၈ နာရီသတင်းများကို စတင်တင်ဆက်ပေးနေပါပြီ ခင်ဗျာ ဆိုတဲ့ အသံသြဇာအပြည့်နဲ့ သတင်းများကို ပြတ်ပြတ်သားသားနဲ့ ရှင်းရှင်းလင်းလင်း တင်ဆက်ပေးတတ်တဲ့ မြန်မာအသံမှ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ကိုတော့ အားလုံးပဲချစ်ခင်ကြလိမ့်မယ် ထင်ပါတယ်နော်။ သူကတော့ သတင်းတင်ဆက်ပေးရုံမက အခမ်းအနားမှူးအဖြစ်လဲ ပွဲတိုင်းမှာမပါမဖြစ်ပါပဲ။ ဒါပေမယ့် အသက် ၅၀ နှစ်ရှိပြီဖြစ်တဲ့ ဦးကျော်သက်လင်း ကတော့ မိသားစုကိုစွန့်ပြီး လွတ်မြောက်နယ်မြေကို ‌ရောက်ရှိနေပါတယ်။

အများချစ်ခင်လေးစားရသူတစ်ဦးဖြစ်တဲ့ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ CDM ကိုအစောဆုံးပြုလုပ်ခဲ့သူတစ်ဦးပါ။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲခံရပြီးနောက် ရန်ကုန်မှတစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေ တစ်ခုမှာ ရောက်ရှိနေပါတယ်။ ဦးကျော်သက်လင်း ဟာ လက်နက်ကိုင်နယ်မြေမှာ ကျရာတာဝန်ကို ထမ်းဆောင်နေပြီး ရံဖန်ရံခါ ဆိုသလို တိုက်ပွဲတွေလဲ ထွက်ရတတ်ပါတယ်။ ဒါကြောင့် ရရှိတဲ့အချိန်လေးမှာ ပရိသတ်‌တွေအတွက် စာသားလေးတွေ ရေးပေးလေ့ရှိပါတယ်။ ဦးကျော် ဟာသူ့ရဲ့ဘဝမှာ တွေ့ကြုံရတဲ့လူများစွာများအနက် ချစ်တဲ့သူတွေကို သတိရသလို့ မုန်းတဲ့သူတွေကို မမေ့တဲ့အကြောင်းကို ” ချစ်တဲ့သူတွေကိုသတိရသလို မုန်းတဲ့သူတွေကိုလည်း မမေ့ပါဘူးဗျာ။ လူတွေရဲ့ချီးမွန်းခြင်းနဲ့ကဲ့ရဲ့ခြင်းဟာ အားလုံးခဏတွေပါ” လို့ ပုံလေးနဲ့အတူ မျှဝေထားတာကို တွေ့ရပါတယ်။

Cele Only ပရိသတ်ကြီးရေ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ ‌တိုက်ပွဲထွက်နေတဲ့ ဓာတ်ပုံလေးနဲ့အတူ စာသားလေးကို မျှဝေထားတာကြောင့် ပရိသတ်တွေက ဘေးကင်းကျန်းမာစေကြောင်း ဝိုင်းဝန်းဆုတောင်းပေးနေတာကို တွေ့ရပါတယ်။

ZawGyi Version

ခ်စ္တဲ့သူေတြကို သတိရသလို မုန္းတဲ့သူေတြကိုလည္း မေမ့ပါဘူးဗ်ာ ဆိုတဲ့ ဦးေက်ာ္သက္လင္း

ျမန္မာစံေတာ္ခ်ိန္ ည ၈ နာရီသတင္းမ်ားကို စတင္တင္ဆက္ေပးေနပါၿပီ ခင္ဗ်ာ ဆိုတဲ့ အသံၾသဇာအျပည့္နဲ႔ သတင္းမ်ားကို ျပတ္ျပတ္သားသားနဲ႔ ရွင္းရွင္းလင္းလင္း တင္ဆက္ေပးတတ္တဲ့ ျမန္မာအသံမွ သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ကိုေတာ့ အားလုံးပဲခ်စ္ခင္ၾကလိမ့္မယ္ ထင္ပါတယ္ေနာ္။ သူကေတာ့ သတင္းတင္ဆက္ေပး႐ုံမက အခမ္းအနားမႉးအျဖစ္လဲ ပြဲတိုင္းမွာမပါမျဖစ္ပါပဲ။ ဒါေပမယ့္ အသက္ ၅၀ ႏွစ္ရွိၿပီျဖစ္တဲ့ ဦးေက်ာ္သက္လင္း ကေတာ့ မိသားစုကိုစြန႔္ၿပီး လြတ္ေျမာက္နယ္ေျမကို ‌ေရာက္ရွိေနပါတယ္။

အမ်ားခ်စ္ခင္ေလးစားရသူတစ္ဦးျဖစ္တဲ့ သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ဟာ CDM ကိုအေစာဆုံးျပဳလုပ္ခဲ့သူတစ္ဦးပါ။ ဒါေၾကာင့္လဲ ပုဒ္မ ၅၀၅ ကနဲ႔ တရားစြဲခံရၿပီးေနာက္ ရန္ကုန္မွတစ္ဆင့္ တိုင္းရင္းသားလက္နက္ကိုင္နယ္ေျမ တစ္ခုမွာ ေရာက္ရွိေနပါတယ္။ ဦးေက်ာ္သက္လင္း ဟာ လက္နက္ကိုင္နယ္ေျမမွာ က်ရာတာဝန္ကို ထမ္းေဆာင္ေနၿပီး ရံဖန္ရံခါ ဆိုသလို တိုက္ပြဲေတြလဲ ထြက္ရတတ္ပါတယ္။ ဒါေၾကာင့္ ရရွိတဲ့အခ်ိန္ေလးမွာ ပရိသတ္‌ေတြအတြက္ စာသားေလးေတြ ေရးေပးေလ့ရွိပါတယ္။ ဦးေက်ာ္ ဟာသူ႔ရဲ႕ဘဝမွာ ေတြ႕ႀကဳံရတဲ့လူမ်ားစြာမ်ားအနက္ ခ်စ္တဲ့သူေတြကို သတိရသလို႔ မုန္းတဲ့သူေတြကို မေမ့တဲ့အေၾကာင္းကို ” ခ်စ္တဲ့သူေတြကိုသတိရသလို မုန္းတဲ့သူေတြကိုလည္း မေမ့ပါဘူးဗ်ာ။ လူေတြရဲ႕ခ်ီးမြန္းျခင္းနဲ႔ကဲ့ရဲ႕ျခင္းဟာ အားလုံးခဏေတြပါ” လို႔ ပုံေလးနဲ႔အတူ မွ်ေဝထားတာကို ေတြ႕ရပါတယ္။

Cele Only ပရိသတ္ႀကီးေရ သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ဟာ ‌တိုက္ပြဲထြက္ေနတဲ့ ဓာတ္ပုံေလးနဲ႔အတူ စာသားေလးကို မွ်ေဝထားတာေၾကာင့္ ပရိသတ္ေတြက ေဘးကင္းက်န္းမာေစေၾကာင္း ဝိုင္းဝန္းဆုေတာင္းေပးေနတာကို ေတြ႕ရပါတယ္။

Latest Posts

Don't Miss