Monday, October 3, 2022

Latest Posts

ချစ်ရတဲ့ချစ်သူနဲ့ ရွှေလက်တွဲသွားပြီဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် စင်သီယာ

Unicode Version

ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဇာတ်ပို့အဖြစ်ပါဝင်သရုပ်ဆောင်ရင်း လူသိများသတိထားမိလာသူလေးကတော့ ဇာတ်ပို့သရုပ်ဆောင် စင်သီယာ ပဲဖြစ်ပါတယ်။ သူမကတော့ ဟာသဇာတ်ကားတွေမှာပဲဖြစ်ဖြစ် အကြမ်းအနုအစုံ ကာရိုက်တာပေါင်းစုံကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်လွန်းသူလေးလဲ ဖြစ်ပါတယ်။ စင်သီယာ ဟာအနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်ရင်းနဲ့ပဲ ဘဝင်ကိုဖြတ်သန်းနေရင်း အခုအချိန်မှာတော့ သူမထက် ၃နှစ်ကြီးတဲ့ ချစ်ရတဲ့ချစ်သူနဲ့ ရွှေလက်တွဲလိုက်ပြီလို့ ပရိသတ်တွေကို အသိပေးရေးသားထားခဲ့ပါတယ်။

ဇာတ်ပို့သရုပ်ဆောင် စင်သီယာ ကတော့အမှန်တရားအတွက် ပြည်သူတွေဘက်ကရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ်။ သူမဟာ ချစ်ရတဲ့ချစ်သူနဲ့ ဒီဇင်ဘာလ ၂ရက်နေ့မှာ ရုံးတတ်လက်မှတ်ထိုးခဲ့တဲ့အကြောင်းကို ပရိသတ်တွေကိုအသိပေးထားပါတယ်။ ” တစ်ယောက်နဲ့တစ်ယောက် ရန်အမြဲတမ်းဖြစ်နေတော့ တကယ့်ဖူးစာလို့တောင်မထင်မိဘူး၊ ဒါပေမယ့်လည်း အခုဆို ချစ်သူသက်တမ်းက ၈ နှစ်ပြည့်တော့မယ်” လို့ စင်သီယာကအင်တာဗျုးတစ်ခုမှာ ပြောကြားထားပါတယ်။ စင်သီယာရဲ့ချစ်သူကတော့ မုံရွာသားတစ်ဦးဖြစ်ပြီး ချစ်သူသက်တမ်း ၈နှစ်မှာ ရွှေလက်တွဲခဲ့ကြပြီလို့ အသိပေးထားပါတယ်။

ဇာတ်ပို့သရုပ်ဆောင် စင်သီယာ တို့ဇနီးမောင်နှံရဲ့ ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ စင်သီယာ တို့ဇနီးမောင်နှံ ပျော်ရွှင်စွာနဲ့ ‌ နှစ်ပေါင်းများစွာထိ ရွှေလက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ZawGyi Version

ခ်စ္ရတဲ့ခ်စ္သူနဲ႔ ေ႐ႊလက္တြဲသြားၿပီျဖစ္တဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ စင္သီယာ

ပရိသတ္ႀကီးေရ ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ ဇာတ္ပို႔အျဖစ္ပါဝင္သ႐ုပ္ေဆာင္ရင္း လူသိမ်ားသတိထားမိလာသူေလးကေတာ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ စင္သီယာ ပဲျဖစ္ပါတယ္။ သူမကေတာ့ ဟာသဇာတ္ကားေတြမွာပဲျဖစ္ျဖစ္ အၾကမ္းအႏုအစုံ ကာ႐ိုက္တာေပါင္းစုံကို ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္လြန္းသူေလးလဲ ျဖစ္ပါတယ္။ စင္သီယာ ဟာအႏုပညာလုပ္ငန္းေတြကိုလုပ္ကိုင္ရင္းနဲ႔ပဲ ဘဝင္ကိုျဖတ္သန္းေနရင္း အခုအခ်ိန္မွာေတာ့ သူမထက္ ၃ႏွစ္ႀကီးတဲ့ ခ်စ္ရတဲ့ခ်စ္သူနဲ႔ ေ႐ႊလက္တြဲလိုက္ၿပီလို႔ ပရိသတ္ေတြကို အသိေပးေရးသားထားခဲ့ပါတယ္။

ဇာတ္ပို႔သ႐ုပ္ေဆာင္ စင္သီယာ ကေတာ့အမွန္တရားအတြက္ ျပည္သူေတြဘက္ကရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးလဲ ျဖစ္ပါတယ္။ သူမဟာ ခ်စ္ရတဲ့ခ်စ္သူနဲ႔ ဒီဇင္ဘာလ ၂ရက္ေန႔မွာ ႐ုံးတတ္လက္မွတ္ထိုးခဲ့တဲ့အေၾကာင္းကို ပရိသတ္ေတြကိုအသိေပးထားပါတယ္။ ” တစ္ေယာက္နဲ႔တစ္ေယာက္ ရန္အၿမဲတမ္းျဖစ္ေနေတာ့ တကယ့္ဖူးစာလို႔ေတာင္မထင္မိဘူး၊ ဒါေပမယ့္လည္း အခုဆို ခ်စ္သူသက္တမ္းက ၈ ႏွစ္ျပည့္ေတာ့မယ္” လို႔ စင္သီယာကအင္တာဗ်ဳးတစ္ခုမွာ ေျပာၾကားထားပါတယ္။ စင္သီယာရဲ႕ခ်စ္သူကေတာ့ မုံ႐ြာသားတစ္ဦးျဖစ္ၿပီး ခ်စ္သူသက္တမ္း ၈ႏွစ္မွာ ေ႐ႊလက္တြဲခဲ့ၾကၿပီလို႔ အသိေပးထားပါတယ္။

ဇာတ္ပို႔သ႐ုပ္ေဆာင္ စင္သီယာ တို႔ဇနီးေမာင္ႏွံရဲ႕ ဓာတ္ပုံေလးေတြကို ျပန္လည္မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္ေနာ္။ စင္သီယာ တို႔ဇနီးေမာင္ႏွံ ေပ်ာ္႐ႊင္စြာနဲ႔ ‌ ႏွစ္ေပါင္းမ်ားစြာထိ ေ႐ႊလက္တြဲသြားႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Latest Posts

Don't Miss