Tuesday, October 4, 2022

Latest Posts

ခြေတစ်လှမ်းတိုင်း ကုသိုလ်ရစေမယ့် လိုအပ်နေတဲ့ခြေတုတွေ လှူဒါန်းပေးလိုက်တဲ့ ခိုင်နှင်းဝေ

Unicode Version

ပရိသတ်ကြီးရေ ပရဟိတမင်းသမီး ခိုင်နှင်းဝေ ဟာ ” ခိုင် မိသားစု ” မိဘမဲ့ဂေဟာလေးကို ဖွင့်လှစ်ထားပြီး ရင်ခွင်မဲ့ ရင်သွေးငယ်လေးတွေကို စောက်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ မိခင်ဝမ်းက မွေးဖွားပြီးပြီးချင်း အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ မွေးကင်းစကလေးငယ်လေးတွေကို မိခင်ပမာ တာဝန်ယူကျွေးမွေး ပြုစုနေတာပဲ ဖြစ်ပါတယ်။ ဒါအပြင် အခြားသော အကူအညီလိုအပ်နေတဲ့ ခုနှစ်ရက်သားသမီးတွေအတွက် အလှူရှင်တွေနဲ့ပူးပေါင်းပြီး တတ်နိုင်သလောက် အကူအညီတွေ ပေးနေတာလဲ ဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ အသက်ရှူခွင့်ရတုန်း တတ်နိုင်သလောက် အကူအညီလိုအပ်နေသူတွေကို ကူညီသွားချင်ပါတယ်တဲ့။

မင်းသမီး ခိုင်နှင်းဝေ ဟာ စွန့်ပစ်ခံကလေးငယ်တွေကို စောက်ရှောက်ပေးနေတဲ့အပြင် လိုအပ်နေတဲ့ လူနာတွေအတွက်လဲ လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ အခုချိန်မှာလဲ နောက်ထပ်မသန်စွမ်းဖြစ်နေတဲ့ လူနာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းလိုက်ပြန်ပြီနော်။ လှူဒါန်းဖြစ်နေတဲ့အကြောင်းကို ခိုင်နှင်းဝေ ဟာ ” ဇန်နဝါရီလ (၁) လစာ အတွက် ခြေတု (၁၀) ချောင်း (တန်ဘိုးငွေ ကျပ် သိန်း ၄၀ ဝန်းကျင်ခန့်) ကို လှူဒါန်းဖြစ်ပါတယ်ရှင်..အမှီခို မပါပဲ လမ်းလျှောက်နိုင်ပြီး ခြေတလှမ်းတိုင်း ရရှိမည့် ကုသိုလ်တို့အား ရည်မှတ်၍ ခုနှစ်ရက် သားသမီးများ အားလုံး သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်…” လို့ သူမရဲ့ကိုယ်ပိုင်အကောင့်မှာ ရေးသားဖော်ပြထားပါတယ်။

Cele Only ပရိသတ်ကြီးရေ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ ရဲ့ မွန်မြတ်လှတဲ့ အလှူဒါနလေးကို သာဓုခေါ်ဆိုသွားပေးခဲ့ပါအုန်းနော်။ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

ZawGyi Version





Latest Posts

Don't Miss