Tuesday, October 4, 2022

Latest Posts

ဂျီဆော့ဂျင် ကိုအလွန်လေးစားကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ လီကွမ်ဆို

UNICODE VERSION

မင်းသား Lee Kwang Soo ဟာ ဖျော်ဖြေရေးသမား ဂျီဆော့ဂျင် ကို အလွန်လေးစားကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဖော်ဝါရီ ၁၅ ရက်နေ့က MBC ရုပ်သံလိုင်းရှိုး ‘That Oppa from the Tteokbokki Place’ တွင် မင်းသား Lee Dong Hwi က ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။

‘That Oppa from the Tteokbokki Place’ တွင် Lee Dong Hwi ဂျီဆော့ဂျင် နဲ့ အသက် 19 နှစ် ကွာဟနေသော်လည်း သူငယ်ချင်းများဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မျိုးဆက်ကွားဟချက် ရှိပေမယ့်လည်း သူတို့နှစ်ယောက်အတွက်ကအရေးမကြီးပါဘူးလို့ပြောဆိုခဲ့ပါတယ်။

ဂျီဆော့ဂျင် ကလည်း” ငါအရင်တုန်းကအကြောင်းတွေပြောခဲတယ်။ ဒါပေမယ့် ငါတို့နှစ်ယောက်ကြားမှာ မျိုးဆက်ကွားခြားတယ်လို့ ငါတစ်ခါမှမခံစားခဲ့ရဘူးလို့”ပြောပါတယ်။ အဲ့နောက်မှာ Lee Dong Hwi က” အစ်ကိုသိလား ကွမ်ဆို ကကျွန်တော့်ကိုပြောခဲ့ဘူးတယ်။ သူက အသက်ကြီးလာရင် အစ်ကို ဆော့ဂျင် လို အသက်ကြီးလာချင်တယ်” လို့သူ့ကိုပြောခဲ့တယ်လို့ပြောပါတယ်။

ဂျီဆော့ဂျင် က သူ့ရင်ထဲကနေ အစ်ကို ဆော့ဂျင် ကိုအရမ်းလေးစား ပြီး သူ့လိုမျိုးအသက်ကြီးချင်တယ်လို့ နက်နက်ရှိုင်းရှိုင်း ကျွန်တော့်ကိုပြောခဲ့တာပါ။

လီကွမ်ဆို နဲ့ ဂျီဆော့ဂျင် ဟာဆိုရင် SBS ရုပ်သံလိုင်း ကနေထုတ်လွှင့် တဲ့’Running Man’ရှိုးတွင် 10 နှစ်ခန့် အတူတွဲသရုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက် ကိုရှိုးထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံကြတာကို အမြဲတွေ့လေ့ရှိပါတယ်။ တကယ်ဒါ‌ဟာ ချစ်ဖို့ကောင်းတဲ့ ငြင်းခုံမှုတစ်ခုပါဘဲနော်။ တကယ်တော့ လီကွမ်ဆို ဟာ ဂျီဆော့ဂျင် လူတိုင်းထင်ထားတာတက် အများကြီးလေးစားမှုရှိပါတယ်နော်။

ZAWGYI VERSION







Latest Posts

Don't Miss