Friday, September 30, 2022

Latest Posts

ငယ်ချစ်ဦးနဲ့ ရွှေလက်တွဲသွားပြီဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ နေတိုး ရဲ့ မင်္ဂလာဆွမ်းကျွေး

Unicode Version

မြန်မာပြည်တစ်ပြည်လုံးက ချစ်ခင်အားပေးကြတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီနေတိုးဟာ အနုပညာလောကမှာ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်တဲ့အပြင် ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတစ်နေရာ အရယူနိုင်ထားတဲ့ သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ ရခိုင်အမျိုးသားတစ်ဦးဖြစ်တဲ့ ကိုနေတိုး ရဲ့ အမည်ရင်းကတော့ မောင်နေလင်းအောင် ပဲဖြစ်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၄ ရက်နေ့ က မင်းသားချော နေတိုး ရဲ့ မင်္ဂလာသတင်းနဲ့ ပတ်သတ်ပြီး လူမူ့ကွန်ယက်ပေါ်မှာ ဂယက်ထခဲ့တာပဲ ဖြစ်ပါတယ်။ နေလင်းအောင် (ခ) နေတိုး နှင့် သဲစုမြတ်ရွှေတို့ရဲ့မင်္ဂလာဦးဆွမ်းကျွေး ပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


နေတိုး ရဲ့ ချစ်သူကောင်မလေး ဟာ လူမျိုးတူ ရခိုင်လူမျိုးပဲ ဖြစ်တယ်လို့ သိရပြီး ထပ်ဆင့် အကယ်ဒမီ မင်းသားချော နေတိုး နဲ့ငယ်ချစ်ဦးလဲ ဖြစ်ပါတယ်။ ရခိုင်မာန်အောင်ကျွန်းသူလေးဖြစ်တဲ့ မသဲစုမြတ်ရွှေ တို့ရဲ့ မင်္ဂလာဆွမ်းကျွေး အခမ်းအနားရဲ့ ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ZawGyi Version

ငယ္ခ်စ္ဦးနဲ႔ ေ႐ႊလက္တြဲသြားၿပီျဖစ္တဲ့ ထပ္ဆင့္အကယ္ဒမီ ေနတိုး ရဲ႕ မဂၤလာဆြမ္းေကြၽး

ျမန္မာျပည္တစ္ျပည္လုံးက ခ်စ္ခင္အားေပးၾကတဲ့ ႐ုပ္ရွင္နဲ႔ဗီဒီယိုသ႐ုပ္ေဆာင္ အကယ္ဒမီေနတိုးဟာ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို ဆြတ္ခူးႏိုင္တဲ့အျပင္ ပရိသတ္ေတြရဲ႕ရင္ထဲမွာ ေနရာတစ္ေနရာ အရယူႏိုင္ထားတဲ့ သ႐ုပ္ေဆာင္တစ္ဦးပဲျဖစ္ပါတယ္။ ရခိုင္အမ်ိဳးသားတစ္ဦးျဖစ္တဲ့ ကိုေနတိုး ရဲ႕ အမည္ရင္းကေတာ့ ေမာင္ေနလင္းေအာင္ ပဲျဖစ္ပါတယ္။

မေန႔က ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ က မင္းသားေခ်ာ ေနတိုး ရဲ႕ မဂၤလာသတင္းနဲ႔ ပတ္သတ္ၿပီး လူမူ႔ကြန္ယက္ေပၚမွာ ဂယက္ထခဲ့တာပဲ ျဖစ္ပါတယ္။ ေနလင္းေအာင္ (ခ) ေနတိုး ႏွင့္ သဲစုျမတ္ေ႐ႊတို႔ရဲ႕မဂၤလာဦးဆြမ္းေကြၽး ပြဲကို ဒီကေန႔ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။


ေနတိုး ရဲ႕ ခ်စ္သူေကာင္မေလး ဟာ လူမ်ိဳးတူ ရခိုင္လူမ်ိဳးပဲ ျဖစ္တယ္လို႔ သိရၿပီး ထပ္ဆင့္ အကယ္ဒမီ မင္းသားေခ်ာ ေနတိုး နဲ႔ငယ္ခ်စ္ဦးလဲ ျဖစ္ပါတယ္။ ရခိုင္မာန္ေအာင္ကြၽန္းသူေလးျဖစ္တဲ့ မသဲစုျမတ္ေ႐ႊ တို႔ရဲ႕ မဂၤလာဆြမ္းေကြၽး အခမ္းအနားရဲ႕ ဓာတ္ပုံေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Latest Posts

Don't Miss