Monday, October 3, 2022

Latest Posts

စက်ဘီးငှားစားရင်း စားဝတ်နေရေးကို ဖြေရှင်းနေရတဲ့ လူကြမ်းသရုပ်ဆောင် ဦးဇော်ကြီး

Unicode Version

ပရိသတ်ကြီး‌ရေ ငယ်စဥ်ကတည်းက တီဗီဖန်သားပြင်ပေါ်မှာ မြင်တွေ့ရကျဖြစ်ပြီး ပရိသတ်တွေနဲ့မစိမ်းတဲ့ လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးဇော်ကြီး ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ် ထင်ပါတယ်။ အက်ရှင်ဇာတ်ကားပေါင်းများစွာထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ကိုအကောင်းဆုံး ဖျော်ဖြေခဲ့တဲ့ ဦးဇော်ကြီး ကတော့ လက်ရှိမှာအသက် ၆၇ နှစ်ရှိပါပြီ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် စားဝတ်နေရေးကို ပိုင်ဆိုင်ထားတဲ့ စက်ဘီးလေး နှစ်စီး ကို ငှားစားပြီးဖြေရှင်းနေရတဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်နော်။

အနုပညာကြေး သုံးရာ နဲ့ လူကြမ်းသရုပ်ဆောင်ဘဝကို စတင်ခဲ့သူတစ်ဦးဖြစ်ပြီး အနုပညာကိုလဲ အရမ်းကိုချစ်မြတ်နိုးသူဖြစ်တဲ့ ဦးဇော်ကြီး ဟာ လက်ရှိမှာ အနုပညာအလုပ်ကို မလုပ်ကိုင်တော့ပါဘူး။ စားဝတ်နေရေးအနေနဲ့ကတော့ စက်ဘီးနှစ်စီးကို ငှားစားနေရတဲ့ ဝင်ငွေတစ်ခုပဲရှိပါတယ်။ စက်ဘီးငှားခကတော့ တစ်ရက်ကို တစ်ထောင်ရပါတယ်။ “အများပြည်သူတွေ လှူဒါန်းပေးထားတဲ့၊ ကူညီစောင့်ရှောက်ပေးထားခဲ့တဲ့ အိမ်လေးမှာ နေပါတယ်။ စားဝတ်နေရေး ကတော့ စက်ဘီး (၂) စီး ငှားစား တယ်။ တစ်နေ့ (၂၀၀၀) ကျပ် ရပါတယ်။ အမျိုးသမီး က ထမင်းဆိုင်မှာ သွားဝိုင်း ချက်ပြုတ်ပေးပြီး ရှာကျွေးတယ်။ အရင်က အိမ်ရှေ့မှာ စျေးရောင်းပေမယ့် အရင်းပြုတ်နေတာ (၃) ကြိမ် တောင် ရှိသွားပြီ”လို့ ဆိုပါတယ်။

ဝါရင့်လူကြမ်းသရုပ်ဆောင် ဦးဇော်ကြီး ရဲ့ နေအိမ်ကတော့ အိမ်အမှတ်(၁)၊ ၁၂၄ ရပ်ကွက် ၊ ရာဇဓရာဇ်လမ်း မှာပဲဖြစ်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version

စက္ဘီးငွားစားရင္း စားဝတ္ေနေရးကို ေျဖရွင္းေနရတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ ဦးေဇာ္ႀကီး

ပရိသတ္ႀကီး‌ေရ ငယ္စဥ္ကတည္းက တီဗီဖန္သားျပင္ေပၚမွာ ျမင္ေတြ႕ရက်ျဖစ္ၿပီး ပရိသတ္ေတြနဲ႔မစိမ္းတဲ့ လူၾကမ္းသ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ဦးေဇာ္ႀကီး ကိုေတာ့ အားလုံးပဲမွတ္မိၾကအုန္းမယ္ ထင္ပါတယ္။ အက္ရွင္ဇာတ္ကားေပါင္းမ်ားစြာထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ကိုအေကာင္းဆုံး ေဖ်ာ္ေျဖခဲ့တဲ့ ဦးေဇာ္ႀကီး ကေတာ့ လက္ရွိမွာအသက္ ၆၇ ႏွစ္ရွိပါၿပီ။ လက္ရွိ ျမန္မာႏိုင္ငံရဲ႕ အေျခအေနေၾကာင့္ စားဝတ္ေနေရးကို ပိုင္ဆိုင္ထားတဲ့ စက္ဘီးေလး ႏွစ္စီး ကို ငွားစားၿပီးေျဖရွင္းေနရတဲ့အေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္ေနာ္။

အႏုပညာေၾကး သုံးရာ နဲ႔ လူၾကမ္းသ႐ုပ္ေဆာင္ဘဝကို စတင္ခဲ့သူတစ္ဦးျဖစ္ၿပီး အႏုပညာကိုလဲ အရမ္းကိုခ်စ္ျမတ္ႏိုးသူျဖစ္တဲ့ ဦးေဇာ္ႀကီး ဟာ လက္ရွိမွာ အႏုပညာအလုပ္ကို မလုပ္ကိုင္ေတာ့ပါဘူး။ စားဝတ္ေနေရးအေနနဲ႔ကေတာ့ စက္ဘီးႏွစ္စီးကို ငွားစားေနရတဲ့ ဝင္ေငြတစ္ခုပဲရွိပါတယ္။ စက္ဘီးငွားခကေတာ့ တစ္ရက္ကို တစ္ေထာင္ရပါတယ္။ “အမ်ားျပည္သူေတြ လႉဒါန္းေပးထားတဲ့၊ ကူညီေစာင့္ေရွာက္ေပးထားခဲ့တဲ့ အိမ္ေလးမွာ ေနပါတယ္။ စားဝတ္ေနေရး ကေတာ့ စက္ဘီး (၂) စီး ငွားစား တယ္။ တစ္ေန႔ (၂၀၀၀) က်ပ္ ရပါတယ္။ အမ်ိဳးသမီး က ထမင္းဆိုင္မွာ သြားဝိုင္း ခ်က္ျပဳတ္ေပးၿပီး ရွာေကြၽးတယ္။ အရင္က အိမ္ေရွ႕မွာ ေစ်းေရာင္းေပမယ့္ အရင္းျပဳတ္ေနတာ (၃) ႀကိမ္ ေတာင္ ရွိသြားၿပီ”လို႔ ဆိုပါတယ္။

ဝါရင့္လူၾကမ္းသ႐ုပ္ေဆာင္ ဦးေဇာ္ႀကီး ရဲ႕ ေနအိမ္ကေတာ့ အိမ္အမွတ္(၁)၊ ၁၂၄ ရပ္ကြက္ ၊ ရာဇဓရာဇ္လမ္း မွာပဲျဖစ္ပါတယ္။ အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

Latest Posts

Don't Miss