Monday, October 3, 2022

Latest Posts

စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အတော်လေးထိခိုက်ခံစားနေရတဲ့ ပြည်သူ့အချစ်တော် ထားထက်ထက်

Unicode Version

ပရိသတ်ကြီးရေ အလှမယ် ထားထက်ထက် ကတော့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ တောတွင်းတစ်နေရာမှာ ပြည်သူတွေကိုကာကွယ်ဖို့ စစ်သင်တန်းတတ်ရောက်နေပြီးတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှု့ကို အများဆုံးရရှိထားပါတယ်။ သူမကတော့ အမျိုးသမီးဖြစ်ပေမယ့် ယောက်ကျားတွေနဲ့ရင်ဘောင်တန်းပြီးတော့ ရရာလက်နက်စွဲကိုင်၍ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ကြိုးစားနေသူတစ်ဦးဖြစ်တာကြောင့် အားလုံးကလေးစားရတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။

အလှမယ် ထားထက်ထက် ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာ ၉ လပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဖခင်ကွယ်လွန်ချိန်က သူမဟာ လွတ်မြောက်နယ်မြေကို တိမ်းရှောင်နေရတာကြောင့် နောက်ဆုံးအချိန်မှာတောင် တွေ့ခွင့်မရခဲ့ပါဘူး။ ထားထက်ထက် ဟာ ဖခင်နဲ့ပတ်သက်ပြီး ” 9 months မနေ့ တနေ့ကလိုပဲ မေ့လို့မရ နေ့တိုင်းသတိရ လွမ်းတယ် … အိမ်မက်တွေလဲမက်နေတုန်းပဲ …စိတ်ထဲကနေရော အပြင်မှာရော စကားတွေလဲ ပြောနေမိတုန်းပဲ …စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွန်းရတာတွေကို အိမ်မက်ထဲမှာ အနားနားလေးလာကပ်ထိုင်ပြီး အားပေးနေတုန်းပဲ …ငယ်ငယ်တုန်းက အဖြစ်အပျက်တွေ ဖေနဲ့အမှတ်တရတွေကို အိမ်မက်ထဲမှာ ပြန်မြင်ရနေတယ် …စိတ်ပိုင်းဆိုင်ရာ အတော်လေးထိခိုက်ခံစားရတယ် …I Miss You So Much Daddy ကောင်းရာနေရာမှာ အမြဲတမ်း အေးချမ်းပျော်ရွှင်ပါစေ ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ဖခင်ဖြစ်သူကို သတိရနေတဲ့ ပြည်သူ့အချစ်တော် ထားထက်ထက် ကို အားပေးစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss