Monday, October 3, 2022

Latest Posts

ဆံပင်စတိုင်အသစ် ကျော့ရှင်းတဲ့အလှတရားနဲ့ လူတိုင်းကိုဖမ်းစားလိုက်တဲ့ မင်းသမီး ဆောင်းဟေကို

Unicode Version

အားလုံးသိကြတဲ့အတိုင်း တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ဆောင်းဦးရွက်ကြွေချစ်သက်သေ ဆိုတဲ့ဇာတ်ကားလေးကို ပရိသတ်ကြီးမှတ်မိအုန်းမယ်ထင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာပါဝင်ခဲ့တဲ့ ဇာတ်လိုက် မင်းသားမင်းသမီးချောတွေကလဲ ပရိသတ်တွေရဲ့ရင်ထဲမှာ အခုချိန်ထိနေရာယူထားဆဲပဲဖြစ်ပါတယ်။ ဆောင်းဟေကို ဟာ တကယ်ကို မထင်ထားလောက်အောင် နုပျိုတဲ့ဝါရင့်မင်းသမီးချောတစ်လက်ဖြစ်ပါတယ်။ အရပ်ကတော့ ၅ပေနဲ့ ၆လက်မရှိပြီး‌တော့ ဝိတ်ကတော့ ပေါင် ၁၁၀ဘဲရှိပါတယ်တဲ့။ ရင် ၃၄ ခါး ၂၅ နဲ့ တင် ၃၄ ရှိပြီး မိန်းကလေးတိုင်းလိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားတစ်ခုကိုပိုင်ဆိုင်ထားသူတစ်ယောက်လို့လည်း ပြောလို့ရပါတယ်။

မင်းသမီး ဆောင်းဟေကို ရဲ့အိမ်ထောင်ရေး ကတော့ နာမည်ကြီး ရုပ်ရှင်မင်းသားတစ်လက်ဖြစ်တဲ့ Song Joong-ki နဲ့ဖူးစာစုံ ခဲ့ပါတယ်။ နောက်ပိုင်းမှာ စိတ်သဘောထား မတိုက်ဆိုင်မှုကြောင့် ၂၀၁၉ ခုနှစ် ဂျွန်လ ၂၇ ရက်နေ့မှာ တရားဝင်ကွာရှင်းပြတ်ဆဲခဲ့ကြပါတယ်။ သူမ ကတော့ အလှဆုံးတောင်ကိုရီးယားမင်းသမီးတွေထဲကတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူလေးပါ။ ဒါအပြင် ပရိသတ်တွေနဲ့မီဒီယာတွေဆီကအာရုံစိုက်မှုကို အမြဲရနေသူလည်း ဖြစ်ပါတယ်။ အခုလည်း နာမည်ကျော်ရတနာအမှတ်တံဆိပ် Chaumet ရဲ့ ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ သူမ ဟာ ဆံပင်စတိုင်အသစ်နဲ့ ပွဲတက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားထဲမှာ လူပြောများနေစေပြန်ပါတယ်။

မင်းသမီးချောဟာ ဆံပင်အရှည်ကိုညှပ်လိုက်ပြီးနောက် အထက်တန်းကျတဲ့အမိုက်စားအသွင်အပြင်နဲ့ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ အသက်(၄၁)နှစ်ရှိနေပြီဖြစ်ပေမယ့် လုံးဝကိုနုပျိုနေတဲ့ စတိုင်အသစ်နဲ့ သူမကတော့ အနက်ရောင်ဝတ်စုံနဲ့အတူ လှပကျော့ရှင်းနေတဲ့အပြင် ဆံပင်စတိုင်အသစ်ကြောင့်လည်း ပိုလို့တောင်အလှတိုးနေတာပဲ ဖြစ်ပါတယ်။

ZawGyi Version

ဆံပင္စတိုင္အသစ္ ေက်ာ့ရွင္းတဲ့အလွတရားနဲ႔ လူတိုင္းကိုဖမ္းစားလိုက္တဲ့ မင္းသမီး ေဆာင္းေဟကို

အားလုံးသိၾကတဲ့အတိုင္း တစ္ေခတ္တစ္ခါက နာမည္ႀကီးလူႀကိဳက္မ်ားခဲ့တဲ့ ေတာင္ကိုရီးယားဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ ေဆာင္းဦး႐ြက္ေႂကြခ်စ္သက္ေသ ဆိုတဲ့ဇာတ္ကားေလးကို ပရိသတ္ႀကီးမွတ္မိအုန္းမယ္ထင္ပါတယ္။ ဒီဇာတ္ကားေလးထဲမွာပါဝင္ခဲ့တဲ့ ဇာတ္လိုက္ မင္းသားမင္းသမီးေခ်ာေတြကလဲ ပရိသတ္ေတြရဲ႕ရင္ထဲမွာ အခုခ်ိန္ထိေနရာယူထားဆဲပဲျဖစ္ပါတယ္။ ေဆာင္းေဟကို ဟာ တကယ္ကို မထင္ထားေလာက္ေအာင္ ႏုပ်ိဳတဲ့ဝါရင့္မင္းသမီးေခ်ာတစ္လက္ျဖစ္ပါတယ္။ အရပ္ကေတာ့ ၅ေပနဲ႔ ၆လက္မရွိၿပီး‌ေတာ့ ဝိတ္ကေတာ့ ေပါင္ ၁၁၀ဘဲရွိပါတယ္တဲ့။ ရင္ ၃၄ ခါး ၂၅ နဲ႔ တင္ ၃၄ ရွိၿပီး မိန္းကေလးတိုင္းလိုခ်င္တဲ့ ခႏၶာကိုယ္အခ်ိဳးအစားတစ္ခုကိုပိုင္ဆိုင္ထားသူတစ္ေယာက္လို႔လည္း ေျပာလို႔ရပါတယ္။

မင္းသမီး ေဆာင္းေဟကို ရဲ႕အိမ္ေထာင္ေရး ကေတာ့ နာမည္ႀကီး ႐ုပ္ရွင္မင္းသားတစ္လက္ျဖစ္တဲ့ Song Joong-ki နဲ႔ဖူးစာစုံ ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ စိတ္သေဘာထား မတိုက္ဆိုင္မႈေၾကာင့္ ၂၀၁၉ ခုႏွစ္ ဂြၽန္လ ၂၇ ရက္ေန႔မွာ တရားဝင္ကြာရွင္းျပတ္ဆဲခဲ့ၾကပါတယ္။ သူမ ကေတာ့ အလွဆုံးေတာင္ကိုရီးယားမင္းသမီးေတြထဲကတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရသူေလးပါ။ ဒါအျပင္ ပရိသတ္ေတြနဲ႔မီဒီယာေတြဆီကအာ႐ုံစိုက္မႈကို အၿမဲရေနသူလည္း ျဖစ္ပါတယ္။ အခုလည္း နာမည္ေက်ာ္ရတနာအမွတ္တံဆိပ္ Chaumet ရဲ႕ ပြဲအခမ္းအနားကိုတက္ေရာက္ခဲ့တာလည္း ျဖစ္ပါတယ္။ အဲ့ဒီပြဲမွာ သူမ ဟာ ဆံပင္စတိုင္အသစ္နဲ႔ ပြဲတက္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြၾကားထဲမွာ လူေျပာမ်ားေနေစျပန္ပါတယ္။

မင္းသမီးေခ်ာဟာ ဆံပင္အရွည္ကိုညႇပ္လိုက္ၿပီးေနာက္ အထက္တန္းက်တဲ့အမိုက္စားအသြင္အျပင္နဲ႔ျပန္လည္ ထြက္ေပၚလာခဲ့ပါတယ္။ အသက္(၄၁)ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ လုံးဝကိုႏုပ်ိဳေနတဲ့ စတိုင္အသစ္နဲ႔ သူမကေတာ့ အနက္ေရာင္ဝတ္စုံနဲ႔အတူ လွပေက်ာ့ရွင္းေနတဲ့အျပင္ ဆံပင္စတိုင္အသစ္ေၾကာင့္လည္း ပိုလို႔ေတာင္အလွတိုးေနတာပဲ ျဖစ္ပါတယ္။

Latest Posts

Don't Miss