Friday, September 30, 2022

Latest Posts

ဇနီးသည်ရဲ့ အမွှေးကျွတ်ရောဂါကို လှောင်ပြောင်ခဲ့လို့ စိတ်မထိန်းနိုင်ဘဲ စင်ပေါ်တက်ပါးရိုက်ခဲ့တဲ့ မင်းသား ဝီလ်စမစ်

Unicode Version

ဒီကနေ့ကတော့ ၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာကျော်အော်စကာဆုပေးပွဲ ကျင်းပခဲ့တဲ့နေ့ပဲ ဖြစ်ပါတယ်။ မိန်းမကိုမခန့်လေးစားပြောလို့ စင်ပေါ်တက်ပါးရိုက်ခဲ့တဲ့ ဝီလ်စမစ် ရဲ့ လက်ဝါးအစွမ်းပြချက်ကတော့ ဟိုးလေးတကျော်သတင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အစီစဥ်တင်ဆက်သူ ဟာသသရုပ်ဆောင် Chris Rock ဟာ ဇနီးဖြစ်သူရဲ့ ရှားပါးတဲ့ အမွှေးကျွတ်ရောဂါကို လှောင်ပြောခဲ့တာကြောင့် စိတ်မထိန်းနိုင်ဘဲ အခုလိုပါးတက်ရိုက်ခဲ့တာပါတဲ့။

စတိတ်စင်ပေါ်တတ်ပြီး ပါးရိုက်ခဲ့တဲ့အပြင် ” မင်းရဲ့နှုတ်ကနေ ငါ့မိန်းမနာမည်ပြောနေတာကို အခုချက်ချင်းရပ်လိုက်စမ်း” ပြောလိုက်ပါတယ်။ အဲ့ဒီလိုထူးခြားတဲ့ညမှာပဲ မင်းသားကြီး ဝီလ်စမစ် ဟာ Biography ဇာတ်ကားတစ်ကားဖြစ်တဲ့ King Richard ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ အော်စကာလည်းရ၊ပါးလည်းချခဲ့တဲ့ မင်းသားကြီး ဝီလ်စမစ် ကတော့ သူရရှိထားတဲ့ အော်စကာဆုပြန်သိမ်းခံရနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

မင်းသားကြီး ဝီလ်စမစ် ရဲ့ ဇနီးဖြစ်သူ Jada Pinkett Smith ဟာ 1993 ခုနှစ်ကစပြီး ရုပ်ရှင်လောကကို ဝင်ရောက်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး နာမည်ကြီးဇာတ်ကားများစွာမှာ ပါဝင်ခဲ့တာပါ။ မင်းသားကြီး ဝီလ်စမစ် နဲ့ ၁၉၉၄ မှာ ချစ်ကြိုက်ခဲ့ပြီး ၁၉၉၇ မှာ လက်ထပ်ခဲ့ကြပါတယ်။ လက်ရှိမှာ ရှားပါးအမွေးကျွတ်ရောဂါကြောင့် ဂတုံးတုံးထားရပါတယ်။ ဒါကို လှောင်ပြောင်ခဲ့လို့ ဇနီးဖြစ်သူအတွက် ပါးရိုက်ပြီး ဆုံးမခဲ့တာပါ။ ဝီလ်စမစ် လို ယောက်ျား မျိုးရထားတဲ့ ဇနီးဖြစ်သူ Jada Pinkett Smith ဟာ အရမ်းကိုကံကောင်းလွန်းပါတယ်နော်။

ZawGyi Version

ဇနီးသည္ရဲ႕ အေမႊးကြၽတ္ေရာဂါကို ေလွာင္ေျပာင္ခဲ့လို႔ စိတ္မထိန္းႏိုင္ဘဲ စင္ေပၚတက္ပါး႐ိုက္ခဲ့တဲ့ မင္းသား ဝီလ္စမစ္

ဒီကေန႔ကေတာ့ ၂၀၂၂ ခုႏွစ္ရဲ႕ ကမာၻေက်ာ္ေအာ္စကာဆုေပးပြဲ က်င္းပခဲ့တဲ့ေန႔ပဲ ျဖစ္ပါတယ္။ မိန္းမကိုမခန႔္ေလးစားေျပာလို႔ စင္ေပၚတက္ပါး႐ိုက္ခဲ့တဲ့ ဝီလ္စမစ္ ရဲ႕ လက္ဝါးအစြမ္းျပခ်က္ကေတာ့ ဟိုးေလးတေက်ာ္သတင္းႀကီးတစ္ခု ျဖစ္ခဲ့ပါတယ္။ အစီစဥ္တင္ဆက္သူ ဟာသသ႐ုပ္ေဆာင္ Chris Rock ဟာ ဇနီးျဖစ္သူရဲ႕ ရွားပါးတဲ့ အေမႊးကြၽတ္ေရာဂါကို ေလွာင္ေျပာခဲ့တာေၾကာင့္ စိတ္မထိန္းႏိုင္ဘဲ အခုလိုပါးတက္႐ိုက္ခဲ့တာပါတဲ့။

စတိတ္စင္ေပၚတတ္ၿပီး ပါး႐ိုက္ခဲ့တဲ့အျပင္ ” မင္းရဲ႕ႏႈတ္ကေန ငါ့မိန္းမနာမည္ေျပာေနတာကို အခုခ်က္ခ်င္းရပ္လိုက္စမ္း” ေျပာလိုက္ပါတယ္။ အဲ့ဒီလိုထူးျခားတဲ့ညမွာပဲ မင္းသားႀကီး ဝီလ္စမစ္ ဟာ Biography ဇာတ္ကားတစ္ကားျဖစ္တဲ့ King Richard ဇာတ္ကားနဲ႔ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့ပါတယ္။ ေအာ္စကာလည္းရ၊ပါးလည္းခ်ခဲ့တဲ့ မင္းသားႀကီး ဝီလ္စမစ္ ကေတာ့ သူရရွိထားတဲ့ ေအာ္စကာဆုျပန္သိမ္းခံရႏိုင္တယ္လို႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။

မင္းသားႀကီး ဝီလ္စမစ္ ရဲ႕ ဇနီးျဖစ္သူ Jada Pinkett Smith ဟာ 1993 ခုႏွစ္ကစၿပီး ႐ုပ္ရွင္ေလာကကို ဝင္ေရာက္ခဲ့တဲ့ မင္းသမီးတစ္လက္ျဖစ္ၿပီး နာမည္ႀကီးဇာတ္ကားမ်ားစြာမွာ ပါဝင္ခဲ့တာပါ။ မင္းသားႀကီး ဝီလ္စမစ္ နဲ႔ ၁၉၉၄ မွာ ခ်စ္ႀကိဳက္ခဲ့ၿပီး ၁၉၉၇ မွာ လက္ထပ္ခဲ့ၾကပါတယ္။ လက္ရွိမွာ ရွားပါးအေမြးကြၽတ္ေရာဂါေၾကာင့္ ဂတုံးတုံးထားရပါတယ္။ ဒါကို ေလွာင္ေျပာင္ခဲ့လို႔ ဇနီးျဖစ္သူအတြက္ ပါး႐ိုက္ၿပီး ဆုံးမခဲ့တာပါ။ ဝီလ္စမစ္ လို ေယာက္်ား မ်ိဳးရထားတဲ့ ဇနီးျဖစ္သူ Jada Pinkett Smith ဟာ အရမ္းကိုကံေကာင္းလြန္းပါတယ္ေနာ္။

Latest Posts

Don't Miss