Friday, September 30, 2022

Latest Posts

တတ်ကျွမ်းထားတဲ့ လက်မူ့ပညာနဲ့ တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ မင်းသမီး ပိုင်ဖြိုးသု

Unicode Version

ပရိသတ်ကြီးရေ မင်းသမီးချောလေး ပိုင်ဖြိုးသု ဟာ ရုပ်ရှင်ဇာတ်ကားတွေကို သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဇာတ်ကားတွေမှာ သရုပ်ဆောင်တော်လွန်းတဲ့အပြင် ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ပြတ်ပြတ်သားသား ပူးပေါင်းပါဝင်ခဲ့တာကြောင့် ပရိသတ်တွေပိုမို ချစ်ခင်အားပေးကြရပါတယ်။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ ကနဲ့ဖမ်းဝရမ်းထုတ်ခံထားရပြီး ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။

မင်းသမီး ပိုင်ဖြိုးသု ဟာ ထွက်ပြေးတိမ်းရှောင်နေရပေမယ့် တတ်ကျွမ်းထားတဲ့ လက်မူ့ပညာနဲ့ တစ်ဖက်တစ်လမ်းကနေ တော်လှန်ရေးအတွက် ကူညီပေးနေတာလဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို “ပိုးစုန်းကြူးလေးများ အတွက်ချစ်စရာ အိတ်လေးသုံးလုံးထိုးထားတယ်… “ပိုးစုန်းကြူးလေးများ”က ပြည်တွင်းမှ မြေပြင်လိုအပ်ချက်များကို နိုင်သလောက်ဝိုင်းကူနေကြသူများဖြစ်ပါတယ်….သုသုအနေနဲ့လည်း ကိုယ်အနည်းငယ်တတ်ကျွမ်းတဲ့ချည်ထိုးခြင်းနဲ့ တစ်ဖက်တစ်လမ်းကကူညီချင်တာမို့ ကိုယ်တိုင်ထိုးထားတဲ့ အိတ်လေး(၃)လုံးကို “ပိုးစုန်းကြူးလေးများ” ကိုလက်ဆောင်ပေးပို့ခဲ့ပါတယ်…”လို့ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

စာဖတ်ပရိသတ်ကြီးရေ ကျရာတာဝန်တွေကို အဝေးကနေ ထမ်းဆောင်နေတဲ့ မင်းသမီး ပိုင်ဖြိုးသု ရဲ့ စိတ်ဓာတ်ကတော့ လေးစားဂုဏ်ယူဖွယ်ကောင်းလှပါတယ်နော်။

ZawGyi Version





Latest Posts

Don't Miss