Monday, October 3, 2022

Latest Posts

တရားအားထုတ်ဖို့ ရိပ်သာဝင်သွားခဲ့တဲ့ မင်းသမီးချောလေး ခေးဆက်သွင်

Unicode Version

ပရိသတ်ကြီးရေ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း နာမည်ကြီး လူကြိုက်များလာတဲ့ မင်းသမီးချောလေး ခေးဆက်သွင် ကတော့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲလေးထဲကနေချစ်စရာ အပြုအမူ လေးတွေကြောင့် အချိန် တိုအတွင်း ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့် အဝရရှိခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေး လို့ခေါ်တဲ့ ခေးဆက်သွင် ဟာ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတဲ့ သရုပ်ဆောင်တစ်ယောက်လဲဖြစ်ပါတယ်။ သူမဟာ ပြည်သူတွေနဲ့အတူတူ ဒီမိုကရေစီတိုက်ပွဲမှာ ပါဝင်ခဲ့တာကြောင့် ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားတဲ့စာရင်းမှာ ပါဝင်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ၅၀၅ က အမှု့ကိုရုတ်သိမ်းလိုက်တဲ့ အနုပညာရှင်စာရင်းမှာ ခေး လဲပါဝင်ခဲ့ပါတယ်။ ‌ခေးကတော့ တရားအားထုတ်ဖို့ ရိပ်သာဝင်ခဲ့တဲ့အကြောင်းကို ပရိသတ်ကြီးကိုအသိပေးထားပါတယ်။

ဒီကနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပရိသတ်အချစ်တော် မင်းသမီးချောလေး ခေးဆက်သွင် ကတော့တရားအားထုတ်ဖို့အတွက် ရိပ်သာဝင်သွားခဲ့တယ်လို့ သူရဲ့လူမှု့ကွန်ယက်မှာ အခုလိုပဲအသိပေးထားပါတယ်။ ” ဒီနေ့ကစ ၁၅ရက်နေ့ထိ ရိပ်သာဝင်မှာမို့ အလုပ်လေးတွေ နောက်ရွှေ့ထားပါတယ် လွန်ခဲ့တဲ့ နှစ်ပတ်ထဲက ကြိုပြောထားတာမို့ နားလည်ပေးပြီး ရက်ရွှေ့ပေး နောက်ဆုတ်ပေး ညှိပေးကြတာလည်း ကျေးဇူးပါဗျို့…ဒီအတောအတွင်းဖုန်းကိုင်တာ fb သုံးတာရှိမှာ မဟုတ်လို့ တစ်ခုခုဆို စာလေးတွေပဲ ချန်ထားပေးပါနော်… ” လို့ ခေးဆက်သွင် သူမရဲ့ my day ကနေတစ်ဆင့် ရေးသားထားပါတယ်။ သူမတရားရိပ်သာဝင်မှာကြောင့် ကြော်ငြာကိစ္စတွေအားလုံးကို ရက်ရွှေ့ပေးဖို့ တောင်းဆိုထားတာကိုလဲ တွေ့ရပါတယ်။

ကဲ … ဒီဇင်ဘာလရဲ့အစမှာ တရားရိပ်သာဝင်သွားခဲ့တဲ့ ခေးဆက်သွင် ရဲ့ကောင်းမှု့ကုသိုလ်လေးကို သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။

ZawGyi Version

တရားအားထုတ္ဖို႔ ရိပ္သာဝင္သြားခဲ့တဲ့ မင္းသမီးေခ်ာေလး ေခးဆက္သြင္

ပရိသတ္ႀကီးေရ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးရင္း နာမည္ႀကီး လူႀကိဳက္မ်ားလာတဲ့ မင္းသမီးေခ်ာေလး ေခးဆက္သြင္ ကေတာ့ MRTV-4 ႐ုပ္သံ ဇာတ္လမ္းတြဲေလးထဲကေနခ်စ္စရာ အျပဳအမူ ေလးေတြေၾကာင့္ အခ်ိန္ တိုအတြင္း ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို အျပည့္ အဝရရွိခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ ေခး လို႔ေခၚတဲ့ ေခးဆက္သြင္ ဟာ က်ရာဇာတ္႐ုပ္ကို ပိုင္ပိုင္ႏိုင္ႏိုင္သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ ပရိသတ္ေတြ အခ်စ္ပိုေနရတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္လဲျဖစ္ပါတယ္။ သူမဟာ ျပည္သူေတြနဲ႔အတူတူ ဒီမိုကေရစီတိုက္ပြဲမွာ ပါဝင္ခဲ့တာေၾကာင့္ ၅၀၅(က) ျဖင့္ ဖမ္းဝရမ္းထုတ္ခံထားတဲ့စာရင္းမွာ ပါဝင္ခဲ့ဖူးသူတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိမွာေတာ့ ၅၀၅ က အမႈ႕ကို႐ုတ္သိမ္းလိုက္တဲ့ အႏုပညာရွင္စာရင္းမွာ ေခး လဲပါဝင္ခဲ့ပါတယ္။ ‌ေခးကေတာ့ တရားအားထုတ္ဖို႔ ရိပ္သာဝင္ခဲ့တဲ့အေၾကာင္းကို ပရိသတ္ႀကီးကိုအသိေပးထားပါတယ္။

ဒီကေန႔ဒီဇင္ဘာလ ၁ ရက္ေန႔မွာ ပရိသတ္အခ်စ္ေတာ္ မင္းသမီးေခ်ာေလး ေခးဆက္သြင္ ကေတာ့တရားအားထုတ္ဖို႔အတြက္ ရိပ္သာဝင္သြားခဲ့တယ္လို႔ သူရဲ႕လူမႈ႕ကြန္ယက္မွာ အခုလိုပဲအသိေပးထားပါတယ္။ ” ဒီေန႔ကစ ၁၅ရက္ေန႔ထိ ရိပ္သာဝင္မွာမို႔ အလုပ္ေလးေတြ ေနာက္ေ႐ႊ႕ထားပါတယ္ လြန္ခဲ့တဲ့ ႏွစ္ပတ္ထဲက ႀကိဳေျပာထားတာမို႔ နားလည္ေပးၿပီး ရက္ေ႐ႊ႕ေပး ေနာက္ဆုတ္ေပး ညႇိေပးၾကတာလည္း ေက်းဇူးပါဗ်ိဳ႕…ဒီအေတာအတြင္းဖုန္းကိုင္တာ fb သုံးတာရွိမွာ မဟုတ္လို႔ တစ္ခုခုဆို စာေလးေတြပဲ ခ်န္ထားေပးပါေနာ္… ” လို႔ ေခးဆက္သြင္ သူမရဲ႕ my day ကေနတစ္ဆင့္ ေရးသားထားပါတယ္။ သူမတရားရိပ္သာဝင္မွာေၾကာင့္ ေၾကာ္ျငာကိစၥေတြအားလုံးကို ရက္ေ႐ႊ႕ေပးဖို႔ ေတာင္းဆိုထားတာကိုလဲ ေတြ႕ရပါတယ္။

ကဲ … ဒီဇင္ဘာလရဲ႕အစမွာ တရားရိပ္သာဝင္သြားခဲ့တဲ့ ေခးဆက္သြင္ ရဲ႕ေကာင္းမႈ႕ကုသိုလ္ေလးကို သာဓုေခၚဆိုခဲ့ပါအုန္းေနာ္။

Latest Posts

Don't Miss