Monday, October 3, 2022

Latest Posts

တီဗီရောဂါကြောင့် ကိုဗစ်ရောဂါဘေးကလွတ်ခဲ့တဲ့ သရုပ်ဆောင် ကျော်စိုး

Unicode Version

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကျော်စိုးကတော့ ကျန်းမာရေးမကောင်းတာကြောင့်မကြာခဏဆိုသလိုဆေးကုသမှုခံယူနေရတာလည်းဖြစ်ပါတယ်။ ဒါအပြင် ဇာတ်ပို့သရုပ်ဆောင်ကျော်စိုးကွယ်လွန်သွားပြီလို့ မကြာခဏဆိုသလိုသတင်းမှားတွေပြန့်လာတာလည်းဖြစ်ပါတယ်။ ဟာသဇာတ်ကားတွေနဲ့ ပရိသတ်တွေကိုပျော်ရွှင်မှုပေးခဲ့တဲ့ သရုပ်ဆောင် ကျော်စိုး ဟာ လက်ရှိမှာတော့ အတော်လေးကိုဖျားနေပြီး အရင်ကတည်းက ကျန်းမာရေးမကောင်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အရင်နဲ့လုံးဝမတူတော့ဘဲ အတော်လေးကို ပိန်ကျသွားခဲ့ပါတယ်။ အကျပ်အတည်းကာလတွေမှာလည်း အလုပ်လည်းမရှိတာကြောင့် စိတ်ဓာတ်တွေကျတဲ့အပြင်အာဟာရပါပြတ်သွားတာကြောင့် လွန်းခဲ့တဲ့တစ်လလောက်ကလည်း ဆေးရုံတင်ပြီး ဆေးကုသမှုခံယူထားရသူဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းပေမယ့် ပရိသတ်တွေကို ပျော်ရွှင်အောင်လုပ်ပေးဖို့တော့ ဘယ်တုန်းကမှ မပျက်ကွက်ခဲ့ပါဘူး။” ဆက်သွယ်လို့မရတော့တဲ့အချိန်မှာ သူငယ်ချင်းတွေက၊ လူတွေက ကျွန်တော့်ကိုသေသွားပြီထင်ကြတာ။ ကျန်းမာရေးကတော့ကောင်းလာပါပြီ၊ ဆေးကတော့ ၆လ၊၈လလောက် ဆက်သောက်ရအုန်းမယ်။ အခုအချိန်မှာတော့ အခြားဇာတ်ပို့ဇာတ်ရံတွေ သရုပ်ဆောင်တွေက ထောက်ပံ့ထားတာလေးတွေနဲ့ပဲ စားနေရတာပေါ့။ ကျွန်တော် ကျန်းမာရေး ကို ပရိသတ် တွေ စိတ်ပူပေးကြလို့ ကျွန်တော့် ကို ပရိသတ်တွေ ဘယ်လောက်ချစ်လဲ သိရတယ် နေပြန်ကောင်းနေပါပြီ” လို့ ပရိသတ်တွေကို အမှာစကားပြောကြားထားပါတယ်။

ဒီလိုကာလတွေမှာ အချင်းချင်းဖေးမကူညီရင်း ဖြတ်ကျော်ကြရမှာမို့ အားလုံးအားတင်းထားကြဖို့ လိုအပ်ပါတယ်။ ခံစားနေရတဲ့ဝေဒနာတွေ အမြန်ဆုံးသက်သာပျောက်ကင်းပြီး ပရိသတ်တွေကို အရင်လိုပျော်စရာတွေဖန်တီးပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ZawGyi Version





Latest Posts

Don't Miss