Monday, October 3, 2022

Latest Posts

တောထဲမှာ အခုမှပဲခြင်ထောင်နဲ့ အိပ်ဖူးတော့တယ်ဆိုတဲ့ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း

Unicode Version

သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ တိုက်ပုံအင်္ကျီကို သေသေသပ်သပ် ဝတ်ဆင်ထားပြီး အသံပါဝါကောင်းကောင်းနဲ့ သတင်းတွေကို ပြတ်ပြတ်သားသား တင်ဆက်နိုင်သူတစ်ဦးပါပဲ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်တွင် အစောဆုံး CDM ပြုလုပ်ခဲ့တဲ့ MRTV မှ ဝန်ထမ်းတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပရိသတ်တွေက ဦးကျော်သက်လင်း ကိုပိုမိုချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ဦးကျော်သက်လင်း ကတော့ အခုမှပဲခြင်ထောင်နဲ့ အိပ်ဖူးတော့တယ်ဆိုတဲ့ အကြောင်းကို ” မင်္ဂလာမနက်ခင်းပါဗျ…ခြင်ထောင်နဲ့အိပ်ဖူးပြီဗျို့ သုံးရက်ရှိပြီ နေမမြင် ဆောင်းတွင်းလိုပဲ ပုံကတော့ မေ့မှာစိုးလို့ မေ့ကာနီးတိုင်း ထထတင်” ဆိုပြီး သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။

ဦးကျော်သက်လင်း ဟာ တောထဲကိုရောက်ရှိနေတဲ့အချိန်ကစပြီး ဘာသာမဲ့တစ်ယောက်လို ကျင့်သုံးနေတယ်ဆိုတဲ့အကြောင်းကို ကောမန့်မှာ မကြာခဏပြောလေ့ရှိပါတယ်။ အခုလဲ လုံးဝမျက်နှာမသစ်သွားမတိုက် ဘုရားမရှိခိုးပဲ မနက်စာစားဖြစ်တယ်လို့လဲ ရေးသားထားတာကို တွေ့ရပါတယ်။ ဘေးကင်းကျန်းမာပါစေ ဦးကျော်သက်လင်းရေ။

ZawGyi Version

ေတာထဲမွာ အခုမွပဲျခင္ေထာင္နဲ႔ အိပ္ဖူးေတာ့တယ္ဆိုတဲ့ သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း

သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ဟာ တိုက္ပုံအက်ႌကို ေသေသသပ္သပ္ ဝတ္ဆင္ထားၿပီး အသံပါဝါေကာင္းေကာင္းနဲ႔ သတင္းေတြကို ျပတ္ျပတ္သားသား တင္ဆက္ႏိုင္သူတစ္ဦးပါပဲ။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခ်ိန္တြင္ အေစာဆုံး CDM ျပဳလုပ္ခဲ့တဲ့ MRTV မွ ဝန္ထမ္းတစ္ဦးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ပရိသတ္ေတြက ဦးေက်ာ္သက္လင္း ကိုပိုမိုခ်စ္ခင္အားေပးေနၾကတာပဲ ျဖစ္ပါတယ္။

လက္ရွိမွာ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ ဦးေက်ာ္သက္လင္း ကေတာ့ အခုမွပဲျခင္ေထာင္နဲ႔ အိပ္ဖူးေတာ့တယ္ဆိုတဲ့ အေၾကာင္းကို ” မဂၤလာမနက္ခင္းပါဗ်…ျခင္ေထာင္နဲ႔အိပ္ဖူးၿပီဗ်ိဳ႕ သုံးရက္ရွိၿပီ ေနမျမင္ ေဆာင္းတြင္းလိုပဲ ပုံကေတာ့ ေမ့မွာစိုးလို႔ ေမ့ကာနီးတိုင္း ထထတင္” ဆိုၿပီး သူ႔ရဲ႕လူမူ႔ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္ေနာ္။

ဦးေက်ာ္သက္လင္း ဟာ ေတာထဲကိုေရာက္ရွိေနတဲ့အခ်ိန္ကစၿပီး ဘာသာမဲ့တစ္ေယာက္လို က်င့္သုံးေနတယ္ဆိုတဲ့အေၾကာင္းကို ေကာမန႔္မွာ မၾကာခဏေျပာေလ့ရွိပါတယ္။ အခုလဲ လုံးဝမ်က္ႏွာမသစ္သြားမတိုက္ ဘုရားမရွိခိုးပဲ မနက္စာစားျဖစ္တယ္လို႔လဲ ေရးသားထားတာကို ေတြ႕ရပါတယ္။ ေဘးကင္းက်န္းမာပါေစ ဦးေက်ာ္သက္လင္းေရ။

Latest Posts

Don't Miss