Monday, October 3, 2022

Latest Posts

ထမင်းတစ်နပ်ဘဲစားရတဲ့ အခြေအနေထိရောက်သွားပြီလို့ ရင်ဖွင့်လာတဲ့ ဟာသလူရွှင်တော်ကြီး ရွှေအိုး

Unicode Version

ပရိသတ်ကြီးရေ ကိုဗစ်တတိယလှိုင်းဒဏ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေက‌တော့ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို လူတိုင်းအားလုံး စီးပွားရေးတွေကျပ်တည်းနေကြပါတယ်။ ဒီလိုဆိုးရွားလှတဲ့ အခြေအနေတွေကို အများဆုံးခံစားရတာ‌ကတော့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေရပ်နားထားတာ‌ကြောင့် ဇာတ်ပို့ဇာတ်ရန်တွေနဲ့ ဟာသသရုပ်ဆောင်လူရွှင်တော်တွေ အားလုံးနီးပါးဟာစားဝတ်နေရေး အခက်အခဲတွေတွေ့ကြုံလာရပါတယ်။ ဒီနေ့မှာတော့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင် အကောင်းဆုံးဖျော်ဖြေခဲ့တဲ့ ဟာသလူရွှင်တော် ဦး ‌ရွှေအိုးကတော့ သူ့ရဲ့အခက်အခဲတွေကို ရင်ဖွင့်လာပါတယ်။

ထမင်းတစ်နပ်ဘဲစားရတဲ့ အခြေအနေထိရောက်သွားပြီလို့ ရင်ဖွင့်လာတဲ့ ဟာသလူရွှင်တော်ကြီး ရွှေအိုး

ဦး‌ ရွှေအိုး ကတော့လက်ရှိမှာ အိမ်လခပေးဖို့အခက်အခဲရှိနေပြီးတော့ စားသောက်ရေးလဲအဆင်မပြေဖူးလို့သိရပါတယ်။ ဦး ရွှေအိုး ရဲ့မိန်းမဖြစ်သူကလည်း ကျန်းမာရေးချူချာတာကြောင့် ဆေးကုသစရိတ်တွေမတတ်နိုင်တာကြောင့် ရှိတာလေးတွေ ရောင်းချနေရပါတယ်။ စားသောက်ရေးအတွက်ကလဲ ဟင်းဝယ်စားဖို့မတတ်နိုင်တာကြောင့် ဆန်ပြုတ်ပဲ သောက်နေရတယ်လို့ စိတ်မကောင်းစွာသိရပါတယ်။ ဦး ရွှေအိုး ကတော့ အနုပညာ အသိုင်းအဝိုင်းက မောင်နှမတွေနဲ့ ကူညီနိုင်တဲ့သူတွေ အကူအညီပေးကြပါအုန်းလို့ အကူအညီတောင်းခံထားပါတယ်။

ထမင်းတစ်နပ်ဘဲစားရတဲ့ အခြေအနေထိရောက်သွားပြီလို့ ရင်ဖွင့်လာတဲ့ ဟာသလူရွှင်တော်ကြီး ရွှေအိုး

ပရိသတ်ကြီးရေ မိမိတို့ချစ်ခင်အားပေးရတဲ့ ဟာသလူရွှင်တော်ကြီး ဦး ရွှေအိုး ရဲ့အခက်အခဲတွေကို အားလုံးသိပြီးတော့ အကူအညီပေးနိုင်ရန်မျှဝေပေးလိုက်ပါတယ်။ ဦး ရွှေအိုး လည်းအခက်အခဲတွေ အားလုံးအဆင်ပြေပါစေ အလှူရှင်တွေအမြန်ဆုံးပေါ်ပေါက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ထမင်းတစ်နပ်ဘဲစားရတဲ့ အခြေအနေထိရောက်သွားပြီလို့ ရင်ဖွင့်လာတဲ့ ဟာသလူရွှင်တော်ကြီး ရွှေအိုး

ZawGyi Version





Latest Posts

Don't Miss