Tuesday, October 4, 2022
Latest Posts
ထူးခြားတဲ့ ၂ ‌ခြောက်လုံးနေ့လေးမှာ မွေးနေ့ကျရောက်လာခဲ့တဲ့ သရုပ်ဆောင် ညီနန္ဒ
Unicode Version
သရုပ်ဆောင် ညီနန္ဒ ကတော့ ကျရာဇာတ်ရုပ်ကို ပီပီပင်ပင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို အခိုင်အမာရရှိထားပါတယ်။ ဒါအပြင် တော်လှန်ရေးမှာလဲ ပြည်သူတွေဘက်ကရပ်တည်ပေးခဲ့တာကြောင့် ပုဒ်မ ၅၀၅ နဲ့တရားဆွဲဆိုခံထားရတာဖြစ်ပါတယ် ဒါကြောင့်လဲ အချိန်မှီပြေးလွှားတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်းခိုနေရသူလည်း ဖြစ်ပါတယ်။ ဒီကနေ့ကတော့ သရုပ်ဆောင် ညီနန္ဒ ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ၂လပိုင်း ၂၀၂၂ ကတော့ ၂ ခြောက်လုံးဆုံတဲ့ ထူးခြားတဲ့ နေ့ရက်လေးပဲ ဖြစ်ပါတယ်။ ဒီနေ့ကတော့ သရုပ်ဆောင် ညီနန္ဒ ရဲ့ ၄၅ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။ ” ၂၂.၂.၂၀၂၂ အဂ်ါနေ့…ကျွန်တော် အဂ်ါသား စည်သူမင်း (ခ) ညီနန္ဒ ၄၅နှစ် ပြည့်ပါပြီ…” လို့ သူ့ရဲ့လူမူ့ကွန်ယက်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။ ပိုစ်အောက်မှာတော့ ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာအသိုင်းအဝိုင်းမှ အနုပညာရှင်တွေရဲ့ မွေးနေ့ဆုတောင်းစကားများတွေကို တွေ့ရပါတယ်။ ညီနန္ဒက စစ်ကောင်စီရဲ့ အမှုဖွင့် အရေးယူခြင်းခံ ထားရတာကြောင့် လတ်တလော မှာ အခက်အခဲ‌ေတွနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်းခိုနေရသူလည်း ဖြစ်ပါတယ်..။
သရုပ်ဆောင် ညီနန္ဒ လဲ တိမ်းရှောင်နေတဲ့နေရာမှာ ဘေးကင်းကျန်းမာပါစေ၊မွေးနေ့မှစ၍ နှစ်ပေါင်းများစွာ အသက်ရှည်ကျန်းမာစွာနဲ့ မိသားစုနဲ့အမြန်ဆုံးအတူတကွ ပြန်လည်နေနိုင်ပြီး လိုချင်နေတဲ့ အမှန်တရားကို ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ZawGyi Verison
Latest Posts
Don't Miss