Monday, October 3, 2022

Latest Posts

ဒိုက်ထိုး၊ ထိုင်ထလုပ်ပြီး ကြိုက်ရာမုန့်ယူနိုင်တဲ့ ဦးကျော်သက်လင်း ရဲ့ မုန့်ဆိုင်လေး

Unicode Version

ပရိသတ်ကြီးရေ MRTV သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အစောဆုံး CDM ပြုလုပ်ခဲ့တဲ့ ဦးကျော်သက်လင်း ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိတာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ အသက် ၅၀ ဆယ်အရွယ်ရောက်ရှိနေပြီဖြစ်ပေမယ့် လူငယ်တွေနဲ့အတူ ကျန်းမာသွက်လတ်စွာနဲ့ တာဝန်တွေကို ကြိုးစားဆောင်ရွက်နေသူလဲ ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်က ချစ်ဖို့ကောင်းတဲ့အပြုအမူလေးတွေ ပြုလုပ်ခဲ့ကြတဲ့အကြောင်းကို မျှဝေလာခဲ့ပါတယ်။

ဦးကျော်သက်လင်း ကတော့ ကျန်းမာကြံ့ခိုင်ဖို့ ဆောင်ရွက်ထားတဲ့ သူ့ရဲ့အစီအစဥ်လေးကို အခုလိုပဲ ရေးသားလာပါတယ်။ ” သူတို့လေးတွေအတွက် ပြည်တွင်းပြည်ပကပံ့ပိုးကြသူတွေရဲ့ ငွေတွေနဲ့ အကျိုးရှိအောင် စိုက်ပျိုးမွေးမြူရေးတွေလုပ်ဖြစ်တယ်။ ကျမ်းမာကြံ့ခိုင်နေဖို့ ဒီလိုလေးတွေဆောင်ရွက်ထားတယ်။ နေ့တိုင်း ပျော်ပျော်ကြီးကို ဒိုက်လာထိုးတဲ့သူတွေ ထိုင်ထလုပ်သူတွေနဲ့ပြည့်နေတော့တာပဲ။ ကိုယ်တိုင်ဒိုက်ထိုးပြီး မုန့်စားခဲ့တယ် ဘာမုန့်လို့ထင်ပါသလဲ…” ဆိုပြီး သူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ စိုက်ပျိုး၊မွေးမြူရေး တာဝန်တွေကိုယူထားပြီး တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်နေတာလဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version





Latest Posts

Don't Miss