Friday, September 30, 2022

Latest Posts

ဒီကနေ့မှာ ကျရောက်လာတဲ့ မွေးနေ့လေးကို ကုသိုလ်တွေလုပ်ရင်း ဖြတ်သန်းနေတဲ့ မေမြင့်မိုရ်

Unicode Version

ပရိသတ်ကြီးရေ MRTV-4 ဇာတ်လမ်းတွဲတွေကနေ လူသိများနာမည်ကျော်လာတဲ့ မေမြင့်မိုရ် က တော့ ဇာတ်လမ်းတွဲတွေရိုက်ကူးရင်း လူသိများနာမည်ကြီးလာခဲ့တဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်တာ ပီပြင်လွန်းတဲ့အတွက် အချိန်အတိုတွင်း အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကြီးတွေထဲမှာတောင် ပါဝင်သရုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒါအပြင် ချစ်စရာအပြုံးချိုချို လေးတွေအပြင် တမူထူးခြားတဲ့ အလှ တရားတွေကြောင့် ယောကျာ်းလေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်နေရတာဖြစ်ပါတယ်။

ဒီကနေ့ မေလ ၁၁ ရက်နေ့ ကတော့ သရုပ်ဆောင် မေမြင့်မိုရ် ရဲ့ ၂၇ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သူမ ရဲ့မွေးနေ့လေးမှာ ပထမဆုံးပြုလုပ်ခဲ့တာကတော့ မနက်ခင်းပိုင်းမှာ သံဃာတော်တွေကို ဆွမ်းလောင်းခဲ့တာပဲဖြစ်ပါတယ်။ အရင်နှစ်ကနဲ့အတူတဲ့ သူမရဲ့မွေးနေ့လေးကတော့ အရမ်းကိုစိတ်ချမ်းသာစရာကောင်းလွန်းပါတယ်နော်။ မွေးနေ့မှာကုသိုလ်လုပ်ခဲ့တဲ့ အ‌ကြောင်းကို ” မွေးနေ့နံနက်ခင်း ကုသိုလ်”ဆိုတဲ့စာသားလေးနဲ့အတူ ဓာတ်ပုံလေးတွေကို တင်ပေးထားတာကို တွေ့ရပါတယ်။ သူမရဲ့ပိုစ်အောက်မှာတော့ ချစ်တဲ့ပရိသတ်တွေက မွေးနေ့ဆုတောင်းစကားလေးတွေ ပြောထားတာကို တွေ့ရပါတယ်။

ကဲ…Cele Only ပရိသတ်ကြီးရေ သရုပ်ဆောင် မေမြင့်မိုရ် ရဲ့မွေးနေ့လေးကို ကောမန့်မှတစ်ဆင့် ဆုတောင်းပေးခဲ့ပါအုန်းနော်။ မေမြင့်မိုရ် လဲ မွေးနေ့မှစပြီး မိသားစုနဲ့အတူ ထာဝရပျော်ရွှင်စွာနေထိုင်နိုင်ပြီး အနုပညာလုပ်ငန်းတွေမှာလဲ ဒီထက်မကပိုမို အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss