Friday, September 30, 2022

Latest Posts

ဒီဇင်ဘာလကြီးကို ကြိုဆိုလိုက်တဲ့ ကရင်တိုင်းရင်းသား အဆိုတော်လေး မူးလာ

Unicode Version

ပရိသတ်ကြီးရေ … Myanmar Idol သီချင်းဆိုပြိင်ပွဲကနေ မွေးထုတ်ပေးလိုက်တဲ့ အဆိုတော်လေးတစ်ဦးဖြစ်တဲ့ စောခရစ် မူးလာ ကတော့ လက်ရှိမှာ မိသားစုနဲ့ ဝေးကွာပြီးတော့လွတ်မြောက်နယ်မြေရဲ့ တစ်နေရာကို ရောက်ရှိနေပါတယ်။ သူကတော့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ကျရာတာဝန်ကိုထမ်းဆောင်ရင်း အမှန်တရားအတွက် ကြိုးစားအားထုတ်နေတဲ့ အနုပညာရှင် အဆိုတော်တစ်ဦးလဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ မူးလာ ကိုချစ်တဲ့ပရိသတ်တွေဟာ အရင်ကထက် ပိုမိုချစ်ခင်အားပေးရပြန်ပါတယ်နော်။ ဒီကနေ့မှာတော့ မူးလာ ဟာ ဒီဇင်ဘာလရဲ့အစပိုင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ နှုတ်ဆက်စကားဆိုလိုက်ပါတယ်။

အဆိုတော် မူးလာ ဟာလွတ်မြောက်နယ်မြေကနေ လတစ်လရဲ့အစပိုင်းကို ကြိုဆိုနှုတ်ဆက်လိုက်တဲ့ စာသားလေးကို ဝေဝေဆာဆာရေးသားလိုက်ပါတယ်။ ” Happy Sweet December ကယ်တင်ရှင်မွေးဖွားသော လ ကိုကြိုဆိုရင်း ကျွန်ုပ်တို့ အားလုံးအတွက် ကယ်တင်ခြင်းရရှိဖို့ရည်ရွယ်ရင်း ပျော်ရွှင်သော အေးချမ်းသာယာသည့် ဒီဇင်ဘာလလေး ဖြစ်ပါစေဗျာ ” လို့ မူးလာ ဟာသူရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ မူးလာ ရဲ့ပိုစ်အောက်မှာဆိုရင်တော့ သူ့ရဲ့ဆုတောင်းတွေပြည်ပါစေလို့ ဆုတောင်းပေးနေတဲ့ ပရိသတ်တွေကိုလဲ တွေ့ရပါတယ်။

ပရိသတ်ကြီးရေ အဆိုတော် မူးလာ နဲ့အတူ ဒီဇင်ဘာလကြီးကို ကြိုဆိုနှုတ်ဆက်တဲ့စကားလေးတွေကိ ကောမန့်မှာ ရေးသားပေးခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss