Friday, September 30, 2022
Latest Posts
ဒုတိယမြောက်သားလေးကို ကိုယ်ဝန်ရှိနေပြီဟု ကြေငြာလိုက်တဲ့ ဂျမ်ဂျမ်ရဲ့မိခင်
UNICODE VERSION
Crayon Pop အဖွဲ့ဝင်ဟောင်း Soyul နဲ့ သူမရဲ့ခင်ပွန်း Moon Hee Jun တို့ဟာ ဒုတိယမြောက်ရင်သွေးလေးရနေပြီလို့ ကြေညာခဲ့ပါတယ်။ ဖေဖော်ဝါရီ 4 ရက် KST တွင် Moon Hee Jun နှင့် Soyul တို့သည် ၎င်းတို့၏ YouTube ချန်နယ် တွင် “JamJam တွင် မွေးချင်းတစ်ယောက်ရှိနေပြီ!”ဟူသောခေါင်းစဉ်ဖြင့် ရောက်ရှိလာခဲ့ပါတယ်။
ဗီဒီယိုထဲမှာ JamJam လို့အမည်ရတဲ့ သူတို့ရဲ့ ပထမဆုံးသမီးလေး Hee Yool က Moon Hee Jun ကို ဘာလုပ်နေလဲလို့ မေးခဲ့ပါတယ်။ Moon Hee Jun ပြ်ပြုံးပြီး “နှလုံးခုန်သံ နားထောင်ဖို့အဆင့်သင့်လုပ်နေတာ။အခုဆိုရင် သမီးမှာ ‌မွေးချင်းတစ်ယောက် ရှိနေပြီ။ တစ်ယောက်ထဲ ကစားရတာထက် သမီးညီလေး နဲ့ ကစားရင် ပို့ပျော်ဖို့ကောင်းလာမှာ။ သမီးညီလေး အကြောင်း ကို ကျောင်းသူငယ်ချင်းတွေကို ငါပြောပြတဲ့အခါ အားလုံးက မနာလိုဖြစ်ကြလိမ့်မယ်” လို့ပြန်လည်ပြောပြခဲ့ပါတယ်။
Moon Hee Jun က Soyul ရဲ့ မနက်ခင်းဖျားနာမှုဟာ အတော်လေးပြင်းထန်ကြောင်း ထုတ်ဖော်ပြောကြားပြီး Hee Yool (JamJam) ကိုယ်ဝန်ရှိတုန်းက ထမင်းနဲ့ တူနာငါးတွေကိုပဲ စားနိုင်ခဲ့ပေမယ့် ဒီတစ်ခါကိုယ်၀န်ကတော့ Soyul က castella ပေါင်မုန့်နဲ့ နွားနို့ကိုပဲ စားနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။
ဒုတိမြောက် ကိုယ်၀န် သားသားလေးကိုလွယ်ထားရတဲ့ ဂျမ်ဂျမ် တို့မိသားစုလေးကိုလည်း ဂုဏ်ပြုလိုက်ရပါတယ်နော်။
ZAWGYI VERSION
Latest Posts
Don't Miss