Tuesday, October 4, 2022

Latest Posts

ပင်လယ်စာတစ်မျိုးကို ကိုယ်တိုင်ချက်ပြုတ်ပြီး ရောင်းချပေးမယ့် သရုပ်ဆောင် တင်ဇာဝင်းပြည့် သမီးလေး စန္ဒာရွှေရည်

Unicode Version

မြန်မာ့ရုပ်ရှင်လောကရဲ့ ဇာတ်ကားတိုင်းမှာ မိခင်နေရာ၊အဒေါ်နေရာတွေမှာ အမြဲတမ်းလိုလို တွေ့ရလေ့ရှိတဲ့ ဇာတ်ပို့သရုပ်ဆောင် တင်ဇာဝင်းပြည့် ကတော့ ချစ်တဲ့ပရိသတ်တွေနဲ့ စိမ်းမယ်မထင်ပါဘူး။ သူမမှာ ချစ်ဖို့ကောင်းပြီး လိမ္မာတဲ့ စန္ဒာရွှေရည် ဆိုတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သရုပ်ဆောင် တင်ဇာဝင်းပြည့် ရဲ့သမီးလေး ဟာ ပင်လယ်စာ အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်ရောင်းချတော့မယ်လို့ ပရိသတ်တွေကို အသိပေးထားပါတယ်။

သရုပ်ဆောင် တင်ဇာဝင်းပြည့် တို့ရဲ့ဆိုင်နာမည်လေးကတော့ မညိုးပန်းလို့နာမည်ပေးထားပါတယ်။ အရင်က ဆင်းရဲပင်ပန်းခဲ့ပေမယ့် ကြံ့ကြံ့ခိုင်နိုင်ခဲ့တဲ့ အဓိပ္ပာယ်နဲ့ “မညိုးပန်း” လို့ နာမည်ပေးဖြစ်သွားခဲ့တာပါ။ ဆိုင်လေးမှာတော့ ငရုတ်ကောင်းမုန့်ဟင်းခါးအပါအဝင် အစားအသောက်ကောင်းတွေ တော်တော်များများ ရရှိနိုင်ပါတယ်။ ဒါအပြင် နောက်ထပ် Cheesy Ocean လို့နာမည်ပေးထားတဲ့ ပင်လယ်စာ အစားအစာတစ်မျိုးကို သမီးဖြစ်သူကိုယ်တိုင် ချက်ပြုတ်ပြီး ရောင်းချတော့မယ်လို့ သိရပါတယ်။ သူမရဲ့သမီး ဟာ ငယ်စဥ်ကတည်းက မိခင်ကိုကူညီပေးနေသူဖြစ်တာကြောင့် အိမ်မူ့ကိစ္စတွေနဲ့ အချက်အပြုတ်ကို ကောင်းကောင်းပိုင်နိုင်သူလေးပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် တင်ဇာဝင်းပြည့် ရဲ့ သမီးဖြစ်သူ စန္ဒာရွှေရည် ကတော့ ဆယ်တန်းအောင်ပြီးနောက် အဝေးသင်ပဲတတ်ခဲ့ပြီး မိဘကိုကူညီပေးနေတဲ့ သမီးအလိမ္မာလေးတစ်ဦးပါ။ သူမရဲ့ဝါသနာကတော့ မင်းသမီးဖြစ်ချင်ပါတယ်တဲ့။ အနုပညာအလုပ်တွေ လုပ်ကိုင်ရင်လဲ အားပေးကြဖို့ မမေ့နဲ့အုန်း ပရိသတ်ကြီးရေ….။

Zawgyi Version

ပင္လယ္စာတစ္မ်ိဳးကို ကိုယ္တိုင္ခ်က္ျပဳတ္ၿပီး ေရာင္းခ်ေပးမယ့္ သ႐ုပ္ေဆာင္ တင္ဇာဝင္းျပည့္ သမီးေလး စႏၵာေ႐ႊရည္

ျမန္မာ့႐ုပ္ရွင္ေလာကရဲ႕ ဇာတ္ကားတိုင္းမွာ မိခင္ေနရာ၊အေဒၚေနရာေတြမွာ အၿမဲတမ္းလိုလို ေတြ႕ရေလ့ရွိတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ တင္ဇာဝင္းျပည့္ ကေတာ့ ခ်စ္တဲ့ပရိသတ္ေတြနဲ႔ စိမ္းမယ္မထင္ပါဘူး။ သူမမွာ ခ်စ္ဖို႔ေကာင္းၿပီး လိမၼာတဲ့ စႏၵာေ႐ႊရည္ ဆိုတဲ့ သမီးေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားပါတယ္။ သ႐ုပ္ေဆာင္ တင္ဇာဝင္းျပည့္ ရဲ႕သမီးေလး ဟာ ပင္လယ္စာ အစားအစာေတြကို ကိုယ္တိုင္ခ်က္ျပဳတ္ေရာင္းခ်ေတာ့မယ္လို႔ ပရိသတ္ေတြကို အသိေပးထားပါတယ္။

သ႐ုပ္ေဆာင္ တင္ဇာဝင္းျပည့္ တို႔ရဲ႕ဆိုင္နာမည္ေလးကေတာ့ မညိဳးပန္းလို႔နာမည္ေပးထားပါတယ္။ အရင္က ဆင္းရဲပင္ပန္းခဲ့ေပမယ့္ ႀကံ့ႀကံ့ခိုင္ႏိုင္ခဲ့တဲ့ အဓိပၸာယ္နဲ႔ “မညိဳးပန္း” လို႔ နာမည္ေပးျဖစ္သြားခဲ့တာပါ။ ဆိုင္ေလးမွာေတာ့ င႐ုတ္ေကာင္းမုန႔္ဟင္းခါးအပါအဝင္ အစားအေသာက္ေကာင္းေတြ ေတာ္ေတာ္မ်ားမ်ား ရရွိႏိုင္ပါတယ္။ ဒါအျပင္ ေနာက္ထပ္ Cheesy Ocean လို႔နာမည္ေပးထားတဲ့ ပင္လယ္စာ အစားအစာတစ္မ်ိဳးကို သမီးျဖစ္သူကိုယ္တိုင္ ခ်က္ျပဳတ္ၿပီး ေရာင္းခ်ေတာ့မယ္လို႔ သိရပါတယ္။ သူမရဲ႕သမီး ဟာ ငယ္စဥ္ကတည္းက မိခင္ကိုကူညီေပးေနသူျဖစ္တာေၾကာင့္ အိမ္မူ႔ကိစၥေတြနဲ႔ အခ်က္အျပဳတ္ကို ေကာင္းေကာင္းပိုင္ႏိုင္သူေလးပဲ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ တင္ဇာဝင္းျပည့္ ရဲ႕ သမီးျဖစ္သူ စႏၵာေ႐ႊရည္ ကေတာ့ ဆယ္တန္းေအာင္ၿပီးေနာက္ အေဝးသင္ပဲတတ္ခဲ့ၿပီး မိဘကိုကူညီေပးေနတဲ့ သမီးအလိမၼာေလးတစ္ဦးပါ။ သူမရဲ႕ဝါသနာကေတာ့ မင္းသမီးျဖစ္ခ်င္ပါတယ္တဲ့။ အႏုပညာအလုပ္ေတြ လုပ္ကိုင္ရင္လဲ အားေပးၾကဖို႔ မေမ့နဲ႔အုန္း ပရိသတ္ႀကီးေရ….။

Latest Posts

Don't Miss