Monday, October 3, 2022

Latest Posts

ပရဟိတလုပ်ရင်း မေတ္တာတရားတွေ အများကြီး စုမိနေတဲ့ လူရွှင်တော် မိုးစက်

Unicode Version

လူရွှင်တော် မိုးစက် ကတော့ လတ်တလော နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပေါ်နေတဲ့ အချိန်ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ မိသားစုတွေနဲ့ အသက်အရွယ်ကြီးမြင့်နေတဲ့ ဖိုးဖိုးဖွားဖွားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ လုပ်ပေးပြီး မွန်မြတ်တဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။

လူရွှင်တော် မိုးစက်ဟာ သူ့ရဲ့အလှူလေးတွေမှာ အနယ်နယ်အရပ်ရပ်ကနေ စေတနာရှင်များရဲ့ လှူဒါန်းမှုတွေနဲ့ အတူ လှူဒါန်းထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ သူပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေ ထပ်တူသာဓုခေါ်နိုင်အောင် အမြဲဖော်ပြလေ့ရှိပါတယ်။ မိုးစက် ဟာ အနုပညာရှင်တွေသာမက အဆင်မပြေတဲ့အိမ်ထောင်စုတွေကိုတွေ့ရင်လည်း အမြဲတမ်း တတ်စွမ်းသလောက်ကူညီခဲ့တဲ့ စေတနာကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။ လူရွှင်တော် မိုးစက် ဟာ မနာလိုသူတွေရဲ့ တိုက်ခိုက်မူ့တွေကိုလဲ ခံစားခဲ့ရပါတယ်။ သူ့ကို ပရဟိတ နဲ့လုပ်စားနေတယ်လို့ ဝေဖန်မူ့တွေနဲ့ ပတ်သက်ပြီး လဲ ဖြေရှင်းခဲ့ရပါသေးတယ်။ ဘယ်လိုတိုက်ခိုက်မူ့တွေပဲရှိရှိ ပရဟိတကို တစ်စိုက်မတ်မတ် ပြုလုပ်ရင်း မေတ္တာတရားတွေ စုမိနေတဲ့အကြောင်းကို ” ၃လအတွင်း စုမိတာတော့ မေတ္တာတရားတွေချည်းပါဘဲ “လို့ သူ့ရဲ့လူမူ့ကွန်ယက်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ လူရွှင်တော် မိုးစက် ရဲ့ အလှူလေးတွေကို ဆက်လက်စောင့်ကြည့် သာဓုခေါ်ဆိုပေးပါအုန်းနော်။ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version

ပရဟိတလုပ္ရင္း ေမတၱာတရားေတြ အမ်ားႀကီး စုမိေနၿပီဆိုတဲ့ လူ႐ႊင္ေတာ္ မိုးစက္

လူ႐ႊင္ေတာ္ မိုးစက္ ကေတာ့ လတ္တေလာ ႏိုင္ငံေရးအေျခအေနနဲ႔ ကိုဗစ္ေရာဂါကူးစက္မႈျဖစ္ေပၚေနတဲ့ အခ်ိန္ကာလေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္ေနတဲ့ မိသားစုေတြနဲ႔ အသက္အ႐ြယ္ႀကီးျမင့္ေနတဲ့ ဖိုးဖိုးဖြားဖြားေတြကို တစ္ဖက္တစ္လမ္းကေန ကူညီလႉဒါန္းမႈေတြ လုပ္ေပးၿပီး မြန္ျမတ္တဲ့ ပရဟိတအလုပ္ေတြကို လုပ္ကိုင္ေပးေနတာ ျဖစ္ပါတယ္။

လူ႐ႊင္ေတာ္ မိုးစက္ဟာ သူ႔ရဲ႕အလႉေလးေတြမွာ အနယ္နယ္အရပ္ရပ္ကေန ေစတနာရွင္မ်ားရဲ႕ လႉဒါန္းမႈေတြနဲ႔ အတူ လႉဒါန္းေထာက္ပံ့ေပးေနတာ ျဖစ္ပါတယ္။ သူျပဳလုပ္ခဲ့တဲ့ ကုသိုလ္ေကာင္းမႈေတြကိုလည္း ပရိသတ္ေတြ ထပ္တူသာဓုေခၚႏိုင္ေအာင္ အၿမဲေဖာ္ျပေလ့ရွိပါတယ္။ မိုးစက္ ဟာ အႏုပညာရွင္ေတြသာမက အဆင္မေျပတဲ့အိမ္ေထာင္စုေတြကိုေတြ႕ရင္လည္း အၿမဲတမ္း တတ္စြမ္းသေလာက္ကူညီခဲ့တဲ့ ေစတနာေကာင္းသူတစ္ေယာက္လည္းျဖစ္ပါတယ္။ လူ႐ႊင္ေတာ္ မိုးစက္ ဟာ မနာလိုသူေတြရဲ႕ တိုက္ခိုက္မူ႔ေတြကိုလဲ ခံစားခဲ့ရပါတယ္။ သူ႔ကို ပရဟိတ နဲ႔လုပ္စားေနတယ္လို႔ ေဝဖန္မူ႔ေတြနဲ႔ ပတ္သက္ၿပီး လဲ ေျဖရွင္းခဲ့ရပါေသးတယ္။ ဘယ္လိုတိုက္ခိုက္မူ႔ေတြပဲရွိရွိ ပရဟိတကို တစ္စိုက္မတ္မတ္ ျပဳလုပ္ရင္း ေမတၱာတရားေတြ စုမိေနတဲ့အေၾကာင္းကို ” ၃လအတြင္း စုမိတာေတာ့ ေမတၱာတရားေတြခ်ည္းပါဘဲ “လို႔ သူ႔ရဲ႕လူမူ႔ကြန္ယက္မွာ ေရးသားထားပါတယ္။

ပရိသတ္ႀကီးေရ လူ႐ႊင္ေတာ္ မိုးစက္ ရဲ႕ အလႉေလးေတြကို ဆက္လက္ေစာင့္ၾကည့္ သာဓုေခၚဆိုေပးပါအုန္းေနာ္။ အခ်ိန္ေပးၿပီး ဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

Latest Posts

Don't Miss