Friday, September 30, 2022

Latest Posts

ပရိသတ်တွေကို သူမအတွက် စိတ်မပူဖို့ ပြောလိုက်တဲ့ နော်ဖောအယ်ထား

Unicode Version

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ပူးပေါင်းပါ၀င်ခဲ့ကြတဲ့ ‌အနုပညာရှင်တွေထဲမှာဆိုရင် နော်ဖောအယ်ထား တစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်…..။ နော်ဖောအယ်ထား ဟာ လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ အချိန်မှစပြီး လူငယ်တစ်ယောက်အနေနဲ့ ပြည်သူတွေနဲ့အတူပူးပေါင်းပါ၀င်ကာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ချက်တွေကြောင့် နော်ဖော်အယ်ထား ကို ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုထားပြီးနောက် ဇွန်လ ၂၉ရက်နေ့မှာတော့ စွဲဆိုထားတဲ့ ပုဒ်မကို စစ်ကောင်စီဘက်ကနေ ပြန်လည်ဖျက်သိမ်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နော်ဖော်အယ်ထား ကတော့ ဓာတ်ပုံအလှပုံလေးတွေ ဖေ့ဘွတ်ပေါ်မှာ မတင်တာကြာပြီးဖြစ်တာကြောင့် ပရိသတ်ကြီးက စိတ်ပူနေကြပါတယ်။ ဒီနေ့မှာတော့ နော်ဖော် ကတော့ ပရိသတ်တွေအတွက် သူမရဲ့အလှပုံလေးနဲ့အတူ စာသားအချို့ကို တွဲတင်ပေးထားပါတယ်။ ” စိတ်ပူပြီးမေးနေကြတဲ့ချစ်ရတဲ့ပရိသတ်များနော်ဖော နေကောင်းပါတယ်♥️ ” ဆိုပြီး သူမရဲ့ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။

ပရိသတ်ချစ်ရတဲ့ နော်ဖော်အယ်ထား ကတော့‌ နေကောင်းကျန်းမာပါတယ် စိတ်မပူကြဖို့ ပရိသတ်ကြီးကို အသိပေးလာတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကိုအထူးကျေးဇူးတင်ရှိပါတယ်။ သာယာသောနေ့ရက်လေးတွေကို အမြဲပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။

ပရိသတ်တွေကို သူမအတွက် စိတ်မပူဖို့ ပြောလိုက်တဲ့ နော်ဖောအယ်ထား

ZawGyi Version

ပရိသတ်တွေကို သူမအတွက် စိတမပူဖို့ ပြောလိုက်တဲ့ နော်ဖောအယ်ထား




Latest Posts

Don't Miss