Tuesday, October 4, 2022

Latest Posts

ပရိသတ်တွေအားလုံးကို လွမ်းနေပါတယ်ဆိုတဲ့ မော်ဒယ် သန္တာလှိုင်

Unicode Version

ပရိတ်သတ်ကြီးရေ မော်ဒယ် သန္တာလှိုင် ဟာဆိုရင်အနုပညာလောကမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေအခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်ကာ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့ပြီး တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးခဲ့တာကြောင့်လည်း အားလုံးရဲ့ ချီးကျူးခြင်းတွေကို ရရှိခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းထဲမှာတော့ သူမနာမည်မပါဝင်ခဲတာကြောင့် သူမကိုချစ်တဲ့ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ကြရပါသေးတယ်။

လွန်ခဲ့တဲ့နာရီပိုင်းလောက်က မော်ဒယ် သန္တာလှိုင် ကပရိသတ်တွေကို လွမ်းနေတဲ့ဆိုတဲ့အကြောင်းကို သူမရဲ့လှုမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ ဒါအပြင် သူမချစ်တဲ့ ပရိသတ်တွေကို ဘေးကင်းနေကောင်းပါစေဆိုပြီးတော့ ဆုတောင်းပေးထားတဲ့ စာလေးနဲ့အတူ ခွေးလေးနဲ့အတူ လေ့ကျင့်ခန်းလုပ်နေတဲ့ ဓာတ်ပုံလေးတွေနဲ့အတူ ပြန်လည်မျှဝေတင်ဆက်ပေးထားပါတယ်။ သူမက အမှန်တရားဘက်က ရပ်တည်ခဲ့ပြီးနောက်ပိုင်းမှာတော့ သန္တာလှိုင်ဟာ ပုဒ်မ (၅၀၅က)ဖြင့် အမှုဖွင့်ခံရတဲ့ သူတွေထဲမှာပါဝင်ခဲ့တာကြောင့် လွတ်မြောက်ရာ အဝေးမှာတစ်နေရာမှာ လက်ရှိအချိန်ထိ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ချစ်တဲ့ပရိသတ်တွေကလည်း စွဲဆိုခံထားရတဲ့ အမှုကနေ ပြန်လည်လွတ်မြောက်ဖို့အတွက် ကော်မန့်မှာ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss