Tuesday, October 4, 2022

Latest Posts

ပိုက်ဆံ ၂၀၀ ဖြတ်လျှောက်ဘဝနဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တဲ့ သရုပ်ဆောင်နွယ်နီ

ရုပ်ရှင်ဇာတ်ကားတွေထဲမှာ မင်းသားသမီးအပါအဝင် ဇာတ်ပို့ဇာတ်ရန်၊ဟာသသရုပ်ဆောင်၊လူကြမ်း အစရှိသဖြင့် သရုပ်ဆောင်ပီပြင်မှပဲ ကောင်းမွန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်လာတာပါ။ ဇာတ်ဆောင်မင်းသား၊မင်းသမီးတွေက အနုပညာကြေးများစွာရရှိကြပေမယ့် ဇာတ်ပို့၊ဇာတ်ရန်အနုပညာရှင်တွေရဲ့ အနုပညာကြေးကတော့ အရမ်းကိုနည်းပါးကြပါတယ်။ ဒီလို အနုပညာကြေးနည်းပါးလို့ ခက်ခဲနေတဲ့သူတွေထဲမှာ ကင်ဆာရောဂါကို အဆင့်(၃)အထိခံစားနေရတဲ့ သရုပ်ဆောင် နွယ်နီ လဲ အပါအဝင်ဖြစ်ပါတယ်။

သရုပ်ဆောင် နွယ်နီ ဟာ အနုပညာလောကထဲ စတင်ဝင်ရောက်လာတုန်းက ဖြတ်လျှောက်ခန်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး တစ်နေကုန်နေပူထဲမှာ လမ်းလျှောက်မှ ပိုက်ဆံ ၂၀၀ပဲ အနုပညာကြေးရခဲ့တာပါ။ အဲ့ဒီလိုဖြတ်လျှောက်သရုပ်ဆောင်မှတစ်ဆင့် နောက်ပိုင်းဇာတ်ကားတွေထဲမှာ တစ်ခန်းနှစ်ခန်းပါရင်းနဲ့ ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင် ဖြစ်လာခဲ့တာပါ။ ဒီလိုအနေအထားမျိုးရောက်ဖို့ အရမ်းကိုခက်ခဲကြမ်းတမ်းခဲ့ပြီး အနှိမ်ခံခဲ့ရပါတယ်တဲ့။ မနက် ၈ နာရီကနေ နောက်နေ့ရောက်တဲ့ထိ တစ်ညလုံးနီးပါး အလုပ်လုပ်ခဲ့ရပေမယ့် အနုပညာကြေးကတော့ ထိုက်ထိုက်တန်တန် မရခဲ့ပါဘူး၊ ဒါပေမယ့်လဲ အနုပညာကိုချစ်ပြီး မြတ်နိုးတဲ့အတွက် ရသလောက်နဲ့ပဲ ကျေနပ်ခဲ့ပါတယ်။ နောက်တတ် ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင်တွေက သူမတို့လိုသရုပ်ဆောင်တွေအပေါ်ကို လေးစားမူ့မရှိဖူး၊အဖက်မလုပ်ကြဖူး ဒါပေမယ် နာမည်ကြီးဇာတ်ပို့ဇာတ်ရန်အနုပညာရှင်တွေကိုတော့ လေးစားမူ့ပေးကြပါတယ်။

သရုပ်ဆောင် နွယ်နီ ဟာ ကျန်းမာရေးမကောင်းတာကြောင့် စျေးရောင်းရင်းနဲ့ စျေးဖိုးရှာဖွေနေရတာပါ။ ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာကြောင့် စျေးသည်ဘဝနဲ့ ဝမ်းရေးအတွက် ဆက်လက်ရပ်တည်ခဲ့တာပါ။ ဒါပေမယ့် အနုပညာကို ဆက်မလုပ်ပဲ စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် သရုပ်ဆောင် ဦးကံပွင့်ကြောင့် အနုပညာကို ပြန်လည်လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်ရိုက်ကူးခွင့်ရတာကြောင့် ဝမ်းသာပါတယ်တဲ့။

Latest Posts

Don't Miss