Friday, September 30, 2022
Latest Posts
ပုဒ်မ၅၀၅ နဲ့ရှောင်တိမ်းနေရတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါ (ခ)ခေးလေး ရဲ့ မွေးနေ့
Unicode Version
ပရိသတ်အချစ်တော် မင်းသမီးချောလေး ခင်ဝင့်ဝါ ကတော့ မော်ဒယ်လ် လောက ကနေ သရုပ်ဆောင် လောက ကို ခြေစုံ ပစ် ဝင်ရောက်လာတဲ့ အနုပညာရှင်တွေ ထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်များရဲ့ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက် ရရှိထားတဲ့ ခင်ဝင့်ဝါတစ်ယောက်ကတော့ ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေကအချစ်ပိုခဲ့ကြတာပါ။ သူမရဲ့အပြုံးချိုချိုလေးတွေဟာလည်း ပုရိသတွေကိုအဓိကကြွေစေရတဲ့ အချက်တစ်ချက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ ဖော်ရွေပျူဌာတတ်တဲ့ သူမရဲ့ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိ သတ်များသာမက အနုပညာရှင်များကပါ ချစ်ခင်ကြတာဖြစ်ပါတယ်…..။
သွယ်လျလှပတဲ့ သွေးသွယ်သွယ် ခန္ဓာကိုယ်လေးနဲ့အတူ မြင်သူချစ်မိစေတဲ့ သူမရဲ့အလှက ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပို င်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူမဟာ အပြုံးချိူချိူလေးတွေရယ် ချစ်စရာဟန်ပန်လေးတွေရယ်နဲ့ အမြဲတမ်း သရုပ်ဆောင်တတ်တာကြောင့် ပရိသတ်တွေက အသည်းစွဲနေတာ အသေအချာပါ ပဲ‌နော်။ ခေးလေး ကတော့ ပြည်သူ့တွေဘက်က ရပ်တည်ပြီးတော့ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူတူ တိုက်ပွဲဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုခံထားရတာကြောင့် တိမ်းရှောင်နေရပါတယ်။ ဒီနေ့၂၁ရက်နေ့ဟာ ခင်ဝင့်ဝါ (ခ)ခေးလေးရဲ့၂၇နှစ်ပြည့်မွေးနေ့လေးပါ။
ကဲ Cele Only…ပရိသတ်ကြီးရေ ခေးလေးအတွက်မွေးနေ့ဆုတောင်းပေးလိုက်ကြပါဦး။
ZawGyi Version
Latest Posts
Don't Miss