Tuesday, October 4, 2022

Latest Posts

ပြည်သူတွေကို စိတ်ခွန်အားပေးလိုက်တဲ့ ဟားငါး​ကောင်အဖွဲ့မှ လူရွှင်တော် တိုးကျော်

Unicode Version

ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ ပြည်သူချစ်တဲ့ လူရွှင်တော်တွေပဲ ဖြစ်ပါတယ်။ အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူငယ်ချင်းညီအစ်ကို ငါးယောက်ဖြစ်တဲ့ တိုင်းကျော်၊တိုးကျော်၊ဝိုင်းကျော်၊ပြည်ကျော်၊ပိုးလေး တို့နဲ့ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံရပြီးနောက် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာဆိုရင် လပေါင်းများစွာ ကြာမြင့်နေပြီပဲဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းမေယ့် သူတို့တို့တော်လှန်ရေးစိတ်ဓာတ်တွေဟာ အခုချိန်ထိခိုင်မာနေဆဲပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဟားငါးကောင်အဖွဲ့ထဲမှ လူရွှင်တော်တစ်ဦးဖြစ်တဲ့ တိုးကျော် ကတော့ ပြည်သူတွေကို စိတ်ခွန်အားဖြည့်စကားလေးတစ်ခွန်းကို ပြောကြားလာခဲ့ပါတယ်။

ပြည်သူချစ်အနုပညာရှင်များဖြစ်ကြတဲ့ ဟားငါးကောင်အဖွဲ့ကတော့ အမှန်တရားအတွက် လွတ်မြောက်နယ်မြေမှာ တိုက်ပွဲဝင်နေပါတယ်။ မိသားစုကိုခွဲခွာပြီးတော့ ခက်ခဲကြမ်းတမ်းတဲ့တောတွင်းတစ်နေရာမှာ ရရာတာဝန်ကိုထမ်းဆောင်နေတာဟာ ဂုဏ်ယူဝမ်းမြောက်စရာပင်ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပရိသတ်တွေက ပိုမိုချစ်ခင်အားပေးနေတာပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ဝင် တစ်ဦးချင်းဟာ ပရိသတ်တွေအတွက် စိတ်ခွန်အားပေးစကားလေးတွေကို အမြဲတမ်းမျှဝေနေကျဖြစ်ပါတယ်။ ဒီနေ့မှာလဲ ” ပြင်းပြသောဆန္ဒထက် သာလွန်ကြီးမားတဲ့ အင်အားမရှိပြီ ” လို့ လူရွှင်တော် တိုးကျော် ဟာသူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ပိုစ်အောက်မှာတော့ ချစ်တဲ့ပရိသတ်တွေက ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းစကားလေးတွေ ပြောထားတာကိုတွေ့ရပါတယ်။

ကဲ… Cele Only ပရိသတ်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ဟားငါးကောင် အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss