Friday, September 30, 2022

Latest Posts

ပြည်သူတွေကြောင့် ဆက်လက်အသက်ရှင်သန်ခွင့် ရနေတာပါဆိုတဲ့ ဦးကျော်သက်လင်း

Unicode Version

“ကျန်းမာတော်မူကြပါစ ခင်ဗျာ” လို့ ည၈နာရီသတင်းမှာ ငယ်စဉ်ကတည်းက နေ့စဉ်မြင်တွေ့နေကျဖြစ်တဲ့ MRTV ဝါရင့်သတင်းကြေငြာသူဟောင်းတစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်း ဟာလက်ရှိမှာ လွတ်မြောက်နယ်မြေမှာရောက်ရှိနေပါတယ်။ ဦးကျော်သက်လင်း ဟာ ‌အာဏာစတင်သိမ်းတဲ့နေ့ကစပြီး အစောဆုံး CDM ပြုလုပ်ခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲနေထိုင်နေရတဲ့ ဦးကျော်သက်လင်း ဟာ ယခင်ကပုံစံနဲ့ လက်ရှိအခြေအနေက အရမ်းကိုကွာခြားနေတဲ့ ဓာတ်ပုံလေးတွေကို ထုတ်ပြလိုက်ခဲ့တာကြောင့် ပရိသတ်တွေက အံ့သြခဲ့ကြရပါသေးတယ်။

ဦးကျော်သက်လင်း ဟာ ပြည်သူတွေကြောင့် အသက်ရှင်သန်ခွင့်ရခဲ့တယ်ဆိုတဲ့ အကြောင်းကို အခုလိုပဲ ရေးသားလာခဲ့ပါတယ်။” သူတို့လှူတဲ့ ဆန်ကိုစား သူတို့လှူတာကိုဝတ် သူတို့ကြောင့်ဆက်လက်ရှင်သန်ခွင့်ရနေ ကျေးဇူးပါ ပြည်တွင်း ပြည်ပက ကျနော်ချစ်တဲ့ပြည်သူတွေ… ” လို့ ဦးကျော်သက်လင်း ရဲ့ လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ရေးသားထားတဲ့ စာသားလေးတွေကို ဖတ်ပြီးပရိသတ်တွေကလဲ ဘေးကင်းကျန်းမာစေဖို့ ဆုတောင်းပေးထားတာကိုလဲ တွေ့ရပါတယ်နော်။

လွတ်မြောက်နယ်မြေကိုရောက်ရှိနေတဲ့ ဉီးကျော်သက်လင်း အတွက်လဲဘေးကင်းကျန်းမာပါစေလို့ဆုတောင်းစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။ မြန်မာပြည်ကြီးအာဏာရှင်ဘေးမှ အမြန်ဆုံးကင်းလွတ်ပြီး လိုချင်နေတဲ့ ဒီမိုကရေစီကိုအမြန်ဆုံးရရှိနိုင်ပါစေ။

ZawGyi Version





Latest Posts

Don't Miss