Tuesday, October 4, 2022

Latest Posts

ပြည်သူ့ဘက်တော်သား CDMလုပ်ချင်သော ရဲများ၊ စစ်သားများကို ပြတ်ပြတ်သားသားပြောဆိုလိုက်တဲ့ သရုပ်ဆောင် မင်းမော်ကွန်း

unicode version

ပရိတ်သတ်ကြီးတို့ရဲ့အချစ်တော် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်/တေးသံရှင် မင်းမော်ကွန်းကိုတော့ မသိတဲ့လူမရှိလောက်ပါဘူးနော်။ ဗွီဒီယိုဇာတ်လမ်းတွေမှာတင်မက ရုပ်ရှင်ဇာတ်ကားကြီးတွေအထိ ကောင်းမွန်စွာ သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်း မမှားပါဘူးခင်ဗျာ။ မင်းမော်ကွန်းဟာဆိုရင်တော့ တော်လှန်ရေးကြီးစတင်ခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ဒီနေ့ဒီအချိန်ထိ ပြည်သူတွေနဲ့ တစ်သားတည်း အမှန်တရားဘက်ကနေ အခိုင်အမာရပ်တည်ပေးနေဆဲဖြစ်ပါတယ်။

ပြည်သူ့ဘက်တော်သား CDMလုပ်ချင်သော ရဲများ၊ စစ်သားများကို ပြတ်ပြတ်သားသားပြောဆိုလိုက်တဲ့ သရုပ်ဆောင် မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်းကတော့ CDM ပါဝင်ချင်တဲ့ ရဲနှင့်စစ်သားများကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြတ်ပြတ်သားသား ‌ပြောဆိုလိုက်တဲ့အကြောင်းလေးကိုလည်း ပရိတ်သတ်ကြီးတို့အတွက်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ ”CDM လုပ်ချင်သောပြည်သူ့စစ်သားများ ရဲများခင်မျာ၊ ကျွန်တော်တို့ဘက်ကဝင်တိုက်ပေးစရာမလိုပါ။ ပြည်သူ့သူရဲကောင်းများအဖြစ် မိသားစုစားဝတ်နေရေး လုံခြုံရေးကိုစိတ်ချရအောင်ကူညီပါမယ်ခင်မျာ။
သူရဲကောင်းလိုရှင်သန်မလား၊ ခွေး​သေဝက်သေ သေမလားဆုံးဖြတ်ပါ။ ” လို့ ရေးသားဖော်ပြပြီး ပြတ်ပြတ်သားသား ‌ပြောဆိုလိုက်ပါတယ်ခင်ဗျာ။

ပြည်သူ့ဘက်တော်သား CDMလုပ်ချင်သော ရဲများ၊ စစ်သားများကို ပြတ်ပြတ်သားသားပြောဆိုလိုက်တဲ့ သရုပ်ဆောင် မင်းမော်ကွန်း

ကဲ ချစ်ရတဲ့ စာဖတ်သူ ပရိတ်သတ်အပေါင်းတို့ရေ မင်းမော်ကွန်းနှင့်တကွ အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ တစ်ညီတစ်ညွတ်တည်း ရပ်တည်နေကြတဲ့ အနုပညာရှင် သူရဲကောင်းများစွာလည်း ရှိလို့နေပါသေးတယ်ခင်ဗျာ။ သူတို့အတွက်လည်း အန္တရာယ်ကင်း ဘေးရှင်းပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။ ပရိတ်သတ်ကြီးတို့လည်း ချစ်ရတဲ့ မင်းမော်ကွန်းအတွက် အားပေး ဆုတောင်းစကားလေးတွေ ‌ကွန်မန့်မှာပေးခဲ့ကြပါဦးနော်။
သာယာလှပတဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။

zawgyi version





Latest Posts

Don't Miss