Friday, September 30, 2022
Latest Posts
ပွဲလေးသွားလိုက် စားလိုက်သောက်လိုက်လုပ်နေတဲ့ လူတစ်စုကို ဒဲ့ပြောလိုက်တဲ့ မအေးသောင်း
Unicode Version
ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါတုန်းကထဲက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသမီးချောလေး မအေးသောင်း ကတော့ ပြည်သူတွေနဲ့အတူရပ်တည်ခဲ့တာကြောင့် ၅၀၅ က နဲ့တရားဆွဲခံထားရပြီး အိမ်လေးကိုစွန့်ခွာ၍ မိသားစုနဲ့ဝေးရာမှာ တိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။
မအေးသောင်း ဟာ ” ဒါကမင်းသမီး ကြမ်းခန်း လူကြမ်းတွေလဲရင်ကြိုက်လားးးး လွမ်းခန်းတွေရောက်ရင် လူသားတွေမျက်ရည်ဝဲမယ် တခါတလေလူတွေက ထူးဆန်းတယ် အဆင်မပြေ ခက်ခဲကြမ်းတမ်းတာကိုတွေ့မှ အဆင်ပြေကြတယ်။ သူ အဆင်ပြေအောင်ကြိုးစားနေနေပါလားဆိုတာတော့မတွေးပေးဘူး။ အဲ့လူထဲကတချို့ဆို တကယ်ကကိုယ့်ထက်တောင်အဆင်ပြေနေသေးတာ။ အံမယ် အလုပ်လေးလုပ်လိုက် ပွဲလေးသွားလိုက် စားလိုက်သောက်လိုက်နဲ့ပေါ့။ တကယ်အဆင်မပြေတဲ့သူက အင်တာနက်ထိုင်သုံးဖို့တောင်အဆင်ပြေမနေဘူး။ ဘဝမှာအဲ့လိုလဲနေဖူးတယ်အင်တာနက်သုံးဖို့မပြောနဲ့ အင်တာနက်ကရှိကိုမရှိတာ အေးရော။ အယ်ကိုယ်ကတော့ အင်တာနက်ရတဲ့နေရာကို ရောက်အောင်သွားသုံးတဲ့အခါကျ သူတို့က “လိုင်းကနှေးတယ်တွေ ပီဇာလေးစားချင်တာ အချဉ်ပေါင်းလေးဘယ်ဟာကောင်းတာ Live ရောင်း စျေးဝယ်နေတာတွေ့တော့ လိုင်းသုံးတာလေးပိတ်ပြီးစိတ်မကောင်းပဲပြန်ခဲ့ရသေးတာတွေ ဘယ်သူကသိကြတုန်း။ ပြောပါအုံး။ အခုအပြစ်ပြောပြောနေတဲ့သူတွေက ဘယ်နားကပြောနေတာလဲသိချင်မိပြန် ။ ဟိုအကိုကြီးဆူရင်တော့တမျိုးပေါ့နော်။ ဟိုတလောက အိမ်မရောက်တာကြာပြီလို့တင်မိတာ အမလေး တစ်ယောက်က သူတွေ့ပါတယ် သူနဲ့ တလမ်းထဲနေတာတွေဘာတွေထရေးသေးတာ။ အဲ့လိုအိမ်မှာတွေ့ရင် လက်တို့ပြီးလာသာခေါ်အမရေ ကျမကနှိပ်ပေးပြီး ထမင်းပါအန်ထွက်အောင်ကျွေးချင်တာလို့ပဲပြန်ပြောချင်တယ်။ စိတ်လျော့လိုက်ပါတယ်။ သူ့မှာနတ်သမီးကို သက်ရှိထင်ရှားမြင်ရတဲ့ဇာတာမပါလောက်ဘူးဆိုပြီး။ နောက်တော့အနုပညာသမားဆို ငါတို့ပြောသမျှ ဆဲသမျှ တဖက်ပိတ်ပြီးခံကိုခံရမယ်ဆိုတာမဟုတ်သေးဘူး” ဆိုပြီး ပြောထားပါတယ်။
နောက်ထပ်ဆက်ပြောထားတာကတော့ ” အနုပညာရှင်တွေလဲလူပဲ သည်းခံတာအတိုင်းအတာရှိနေတာပဲ။ သူ့အနုပညာနဲ့ပါတ်သတ်ပြီးဝေဖန်တာ ဆန္ဒပြုတာလက်ခံလို့ရတယ်။ လူကိုတိုက်ခိုက်တာတော့ လက်မခံသင့်သလို လက်ခံစရာအကြောင်းကိုမရှိတာ။ ချစ်တဲ့သူတွေအားပေးစကားပြောတဲ့သူတွေလည်းအများကြီးမို့ခွန်အားရခဲ့တာတော့အမှန်ပါပ။ အဲ့အတွက်လည်းကျေးဇူးတင်တယ်နော်။ ကဲပါ ကျမအားနေလို့ပျင်းတော့လဲ ရေးမိရေးရာဘာညာသာရကာ နေကြာကွာစိလျောက်ရေးတာပေါ့နော် ဆက်ရေးအုံးမှာ Ps: အဝတ်တထည်ကိုယ်တခုနဲ့ထွက်သွားလို့ အထည်တောင်သူများဝယ်ပေးလို့ဝတ်ရတာ သဘောပါလား” လို့ လူတစ်ချို့ကို ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ZawGyi Version
Latest Posts
Don't Miss