Tuesday, October 4, 2022

Latest Posts

ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့လို့ ယူကြုံးမရဖြစ်နေတဲ့ ချစ်သုဝေ

Unicode Version

“Daddy..ရင်ကွဲနာဟာအတော်ဆိုးဆိုးပါပဲ dae…သားသမီးတာဝန်အလုံးစုံမကျေနိုင်သလိုခံစားမိတဲ့နောင်တ တချို့လည်းပါတယ်..ယူကြုံးမရ ဖြစ်မှုတွေလည်းပါတယ်…Daeအရမ်းအားကိုးတဲ့ မီးငယ်ပေါက် dae ကို မကယ်နိုင်ခဲ့ဘူး..နောက်ဆုံးခရီးလည်းမပို့နိုင်ခဲ့ဘူး…ရက်လည် ဆွမ်းသ င်္ကန်း ကိုယ်တိုင်ကိုယ်ကျ dae အတွက် မကပ်နိုင်ခဲ့ပြန်ပါဘူး…သူတပါးအတွက်တောင်အရာရာ ကိုယ်တိုင်လုပ်ပေးရမှစိတ်ကျေနပ်တတ်တာ…ခုတော့…daeအလှည့်မှ… Daeအတွက်ရည်စူးပြီး ကုသိုလ်ပြုသမျှအတွက် dae မြင့်မြတ်ရာဘုံဘဝက သာဓုခေါ်ပါနော် Dae ကို ချစ်လို့ ရည်စူးကုသိုလ်ပြုပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းအားလုံးကိုလည်းကျေးဇူးပါနော် “ဆိုပြီး ‌ရေးသားထားတာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။

ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့လို့ ယူကြုံးမရဖြစ်နေတဲ့ ချစ်သုဝေ
ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့လို့ ယူကြုံးမရဖြစ်နေတဲ့ ချစ်သုဝေ

သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေ ၏ ဖခင်ဖြစ်သူ Metal Zone Band တည်ထောင်သူ ဦးဇော်ဝင်းကတော့ သြဂုတ် ၂၃ ရက် မနက်ပိုင်းတွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ ချစ်သုဝေ နဲ့သူမရဲ့ခင်ပွန်းဖြစ်သူလင်းလင်းကတော့ တော်လှန်ရေးမှာ ရဲရဲတောက်ပါဝင်ခဲ့တာကို လူတိုင်းအသိပဲဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဦးလုံးကတော့ ၅၀၅ (က)နဲ့တရားစွဲဆိုခံထားရပြီးနောက် လွတ်မြောက်ရာကိုတိမ်းရှောင်နေရပါတယ်။ ဒီနေ့မှာ ချစ်သုဝေ ရဲ့ဖခင်ကြီး နောက်ဆုံးခရီးကို သမီးတစ်ယောက်အနေနဲ့ ‌ လိုက်ပို့ခွင့်မရတာကြောင့် ယူကြုံးမရစွာ ဝမ်းနည်းနေရတဲ့အကြောင်းကို သူမရဲ့လူမှု့ကွန်ယက်မှာ အခုလိုပဲရေးသားထားပါတယ်။

ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့လို့ ယူကြုံးမရဖြစ်နေတဲ့ ချစ်သုဝေ

လွန်ခဲ့တဲ့ လအနည်းငယ်ကလဲ ချစ်သုဝေ ရဲ့ခင်ပွန်းဖြစ်တဲ့ လင်းလင်း၏ ဖခင်ကြီး ဆုံးပါးသွားပါတယ်။ အခုတော့ ချစ်သုဝေ ရဲ့ဖခင်ကြီးပါ ဆုံးပါးသွားတဲ့အတွက် ဇနီးမောင်နှံ ၂ ဦးစလုံး ဖခင်မဲ့သွားခဲ့ပါပြီ။ အခုလို မိဘတွေ အသက်ဆုံးနဲ့နောက်ဆုံးအချိန်တွေမှာတောင် ပြုစုခွင့်မရ နွေးထွေးခွင့်မရဘဲ အဝေးကနေသာ ငိုကြွေးနေရတဲ့ အနုပညာရှင်တွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ချစ်သုဝေ တို့ ဇနီးမောင်နှံ ၂ ယောက်လုံးရဲ့ ဖခင်ပြီးတွေ ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့လို့ ယူကြုံးမရဖြစ်နေတဲ့ ချစ်သုဝေ

ZawGyi Version



ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့လို့ ယူကြုံးမရဖြစ်နေတဲ့ ချစ်သုဝေ


ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့လို့ ယူကြုံးမရဖြစ်နေတဲ့ ချစ်သုဝေ


Latest Posts

Don't Miss