Tuesday, October 4, 2022

Latest Posts

ဖခင်အရမ်းကြိုက်တဲ့ ထောပတ်ထမင်းကို လှူဒါန်းပေးရင်း ကောင်းမှုကုသိုလ်ပြုပေးခဲ့တဲ့ ညီနန္ဒ

Unicode Version

ပရိသတ်ကြီးရေ သရုပ်ဆောင် ညီနန္ဒ ကတော့ အမှန်တရားဘက်က ရပ်တည်ခဲ့တာကြောင့် ပုဒ်မ (၅၀၅ -က )နဲ့ အမှုဖွင့် အရေးယူခံထားရပြီးတော့ မိသားစုနဲ့ ခွဲခွာနေရတာလည်းဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းက ဖခင်ဖြစ်သူ ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့တာပါ။ ဒီနေ့ကတော့ ဖခင်ဖြစ်သူရဲ့ ရက်လည်နေ့ဖြစ်တယ်လို့လည်း သိရပါတယ်။ ညီနန္ဒက ကွယ်လွန်သူ ဖခင်ကြီးရဲ့ ရက်လည်နေ့မှာ ပရဟိတဝန်ထမ်းတွေအတွက် ထောပတ်ထမင်း ပွဲ ၂၅၀ လှူဒါန်းခဲ့ပါတယ်။

ဖခင်အရမ်းကြိုက်တဲ့ ထောပတ်ထမင်းကို လှူဒါန်းပေးရင်း ကောင်းမှုကုသိုလ်ပြုပေးခဲ့တဲ့ ညီနန္ဒ

“ဒီနေ့ အဖေ့ရက်လည်အလှူအတွက် အဖေအရမ်းကြိုက်တဲ့ “ကိုနန္ဒ ထောပတ်ထမင်း” ရဲ့ မျိုးဆက် “စနိုးဦး ထောပတ်ထမင်း” ပွဲ ၂၅၀ ကို ဘုန်းကြီးကျောင်းနေ့ဆွမ်း, အဖေ့မိတ်ဆွေအိမ်များ, အဖေအမောဖောက်နေချိန် မှာ စောင့်ရှောက်ပေးခဲ့ကြတဲ့ ဆရာဝန်များ, ကိုဝေဠုကျော် ဖောင်ဒေးရှင်း, ဒီရက်ပိုင်း စိတ်ရောကိုယ်ပါပင်ပန်းနေကြတဲ့ ပရဟိတအဖွဲ့များ, အဖေ့ခန္ဓာကိုယ် မီးသဂြိုလ်ခဲ့တဲ့ ကြည်စုသုသာန် မှ ပရဟိတဝန်ထမ်းများသို့ ပေးပို့လှူဒါန်းခဲ့ပါတယ်။ သားတို့ပြုသမျှကုသိုလ်တွေကို ထပ်တူရပြီး ငြိမ်းချမ်းစွာအနားယူပါ အဖေ”လို့ သရုပ်ဆောင် ညီနန္ဒ က သူရဲ့ လူမှုကွန်ယက်မှာရေးသားခဲ့ပါတယ်။

ဖခင်အရမ်းကြိုက်တဲ့ ထောပတ်ထမင်းကို လှူဒါန်းပေးရင်း ကောင်းမှုကုသိုလ်ပြုပေးခဲ့တဲ့ ညီနန္ဒ
ဖခင်အရမ်းကြိုက်တဲ့ ထောပတ်ထမင်းကို လှူဒါန်းပေးရင်း ကောင်းမှုကုသိုလ်ပြုပေးခဲ့တဲ့ ညီနန္ဒ

သရုပ်ဆောင် ညီနန္ဒ ရဲ့ဖခင်လဲ သားဖြစ်သူပေးတဲ့ ကုသိုလ်တွေကို ရရှိပြီးနောက် ကောင်းရာမွန်ရာရောက်ရှိပါစေ လို့ဆုတောင်းလိုက်ပါတယ်။ မြန်မာပြည်ကြီး ကပ်ဘေးမှ အမြန်ဆုံးလွတ်မြောက်ပါစေ။

ဖခင်အရမ်းကြိုက်တဲ့ ထောပတ်ထမင်းကို လှူဒါန်းပေးရင်း ကောင်းမှုကုသိုလ်ပြုပေးခဲ့တဲ့ ညီနန္ဒ
ဖခင်အရမ်းကြိုက်တဲ့ ထောပတ်ထမင်းကို လှူဒါန်းပေးရင်း ကောင်းမှုကုသိုလ်ပြုပေးခဲ့တဲ့ ညီနန္ဒ

ZawGyi Version

ဖခင္အရမ္းႀကိဳက္တဲ့ ေထာပတ္ထမင္းကို လႉဒါန္းေပးရင္း ေကာင္းမႈကုသိုလ္ျပဳေပးခဲ့တဲ့ ညီနႏၵ

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ ညီနႏၵ ကေတာ့ အမွန္တရားဘက္က ရပ္တည္ခဲ့တာေၾကာင့္ ပုဒ္မ (၅၀၅ -က )နဲ႔ အမႈဖြင့္ အေရးယူခံထားရၿပီးေတာ့ မိသားစုနဲ႔ ခြဲခြာေနရတာလည္းျဖစ္ပါတယ္။ မၾကာခင္ရက္ပိုင္းက ဖခင္ျဖစ္သူ ကိုဗစ္ကူးစက္ခံရၿပီး ကြယ္လြန္သြားခဲ့တာပါ။ ဒီေန႔ကေတာ့ ဖခင္ျဖစ္သူရဲ႕ ရက္လည္ေန႔ျဖစ္တယ္လို႔လည္း သိရပါတယ္။ ညီနႏၵက ကြယ္လြန္သူ ဖခင္ႀကီးရဲ႕ ရက္လည္ေန႔မွာ ပရဟိတဝန္ထမ္းေတြအတြက္ ေထာပတ္ထမင္း ပြဲ ၂၅၀ လႉဒါန္းခဲ့ပါတယ္။

“ဒီေန႔ အေဖ့ရက္လည္အလႉအတြက္ အေဖအရမ္းႀကိဳက္တဲ့ “ကိုနႏၵ ေထာပတ္ထမင္း” ရဲ႕ မ်ိဳးဆက္ “စႏိုးဦး ေထာပတ္ထမင္း” ပြဲ ၂၅၀ ကို ဘုန္းႀကီးေက်ာင္းေန႔ဆြမ္း, အေဖ့မိတ္ေဆြအိမ္မ်ား, အေဖအေမာေဖာက္ေနခ်ိန္ မွာ ေစာင့္ေရွာက္ေပးခဲ့ၾကတဲ့ ဆရာဝန္မ်ား, ကိုေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း, ဒီရက္ပိုင္း စိတ္ေရာကိုယ္ပါပင္ပန္းေနၾကတဲ့ ပရဟိတအဖြဲ႕မ်ား, အေဖ့ခႏၶာကိုယ္ မီးသၿဂိဳလ္ခဲ့တဲ့ ၾကည္စုသုသာန္ မွ ပရဟိတဝန္ထမ္းမ်ားသို႔ ေပးပို႔လႉဒါန္းခဲ့ပါတယ္။ သားတို႔ျပဳသမွ်ကုသိုလ္ေတြကို ထပ္တူရၿပီး ၿငိမ္းခ်မ္းစြာအနားယူပါ အေဖ”လို႔ သ႐ုပ္ေဆာင္ ညီနႏၵ က သူရဲ႕ လူမႈကြန္ယက္မွာေရးသားခဲ့ပါတယ္။

သ႐ုပ္ေဆာင္ ညီနႏၵ ရဲ႕ဖခင္လဲ သားျဖစ္သူေပးတဲ့ ကုသိုလ္ေတြကို ရရွိၿပီးေနာက္ ေကာင္းရာမြန္ရာေရာက္ရွိပါေစ လို႔ဆုေတာင္းလိုက္ပါတယ္။ ျမန္မာျပည္ႀကီး ကပ္ေဘးမွ အျမန္ဆုံးလြတ္ေျမာက္ပါေစ။

Latest Posts

Don't Miss