Friday, September 30, 2022

Latest Posts

ဘူးသီးတောင်မြို့နယ်မှာ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေအတွက် လှူဒါန်းပေးခဲ့တဲ့ နေတိုး

Unicode Version

မြန်မာပြည်တစ်ပြည်လုံးက ချစ်ခင်အားပေးကြတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီနေတိုးဟာ အနုပညာလောကမှာ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်တဲ့အပြင် ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတစ်နေရာ အရယူနိုင်ထားတဲ့ သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မာန်အောင်မြို့ဇာတိဖြစ်တဲ့ နေတိုး ဟာ သူ့ရဲ့ငယ်ချစ်နဲ့အတူ ရွှေလက်တွဲသွားခဲ့တာပါ။ ဒါကြောင့် မင်္ဂလာဦးအလှူအဖြစ် ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေအတွက် လှူဒါန်းမူ့တွေ ပြုလုပ်ခဲ့ပါတယ်။

အခုလိုလှူဖြစ်တာနဲ့ပတ်သက်ပြီး ဆရာတော် အသျှင်ကုမာရက” တပေါင်းလပြည့်နေ့ သရုပ်ဆောင် နေတိုး ရဲ့ မင်္ဂလာဦးအလှူတော်ကို ဘူးသီးတောင်မြို့နယ် မြို့သစ် အမှတ်(၅)ရပ်ကွက်ရှိ ဆင်းရဲနွမ်းပါး တစ်ရက်တာဘဝဖြတ်သန်းသော မိသားစု(၅၅)အတွက် အခြေခံစားကုန်များ (၁၁)မျိုးကို ည(၅:၀၀) နာရီမှာ ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက် ၊ အလိုတော်ပြည့်ဆရာတော်တပည့်ရင်း အသျှင်ကုမာရက ပေးအပ်လှူဒါန်းခဲ့ပါတယ်။ “လို့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ကဲ…စာဖတ်ပရိသတ်ကြီးရေ အကယ်ဒမီ မင်းသား နေတိုး တို့ ဇနီးမောင်နှံ ရဲ့ မင်္ဂလာဦးအလှူလေးကို သာဓုခေါ်ဆိုသွားပေးခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss