Home Korea Celebrity ဘောလုံးကစားသမား Jo Yoo Min နဲ့ လက်ထပ်တော့မယ့် T-ara အဖွဲ့၀င်ဟောင်း Soyeon

ဘောလုံးကစားသမား Jo Yoo Min နဲ့ လက်ထပ်တော့မယ့် T-ara အဖွဲ့၀င်ဟောင်း Soyeon

26
ဘောလုံးကစားသမား Jo Yoo Min နဲ့ လက်ထပ်တော့မယ့် T-ara အဖွဲ့၀င်ဟောင်း Soyeon

UNICODE VERSION

T-ara အဖွဲ့၀င်ဟောင်း Soyeon ဟာဆိုရင် အသက် (၃၄) နှစ်ရှိပါပြီ။ Soyeon လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းကို သူမရဲ့ အေဂျင်စီ ဖြစ်တဲ့ Think Entertainment ကနေကြေငြာခဲ့တာပဲဖြစ်ပါတယ်။

အဆိုတော် မင်းသမီး Soyeon ဟာ Suwon FC ဘောလုံးကစားသမား ဖြစ်တဲ့ Jo Yoo Min နဲ့ လက်ထပ်တော့မှာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို တော့ နို၀င်ဘာလမှာ ကျင်းပမယ်လို့သိရပါတယ်။ Soyeon နဲ့ စေ့စပ်ထားသူ Jo Yoo Min ကတော့ အသက်ကတော့ ၂၅ နှစ်ပါ။

K League 1 တွင် Suwon FC အတွင်ကွင်းလယ်ကစားသမားအဖြစ်ကစားနေတဲ့သူပါ။ သူတို့နှစ်ယောက်ချိန်းတွေ့ တဲ့သက်တမ်းကတော့ ၃ နှစ်ရှိပြီလို့သိရပါတယ်။ Jo Yoo Min ဟာ ဒီရာသီအတွက် အလုပ်ရှုပ်နေမှာဆိုတော့ Soyeon ကလည်း သူ့အနားမှာကူညီပေးရမှာပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက် စုံတွဲလေးရဲ့ တောက်ပတဲ့ အနာဂတ်တွေနဲ့ နှစ်ဦးသား သာယာပျော်ရွှင်ပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ Soyeon ရဲ့ အနုပညာ လှုပ်ရှားမှုတွေကို စောင့်မျှော်ရင်း အားပေးနေပါမယ်။

ZAWGYI VERSION





