Tuesday, October 4, 2022

Latest Posts

မကြေးစည် ဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်နှစ်ဦးကို ချီးကျူးလိုက်တဲ့ ဒါရိုက်တာ မောင်သီ

Unicode Version

ပရိသတ်ကြီးရေ ရုပ်ရှင်မင်းသားကြီးတစ်ဦးဖြစ်တဲ့ လွင်မိုး နဲ့အစ်ကိုတော်စပ်သူတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ မောင်သီ ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။ Myanmar Got Talent ပြိုင်ပွဲကြီးမှာ ဒိုင်တစ်ယောက်အဖြစ် ပါဝင်ခဲ့တဲ့ ဒါရိုက်တာ‌ မောင်သီ ဟာ ရုပ်ရှင်ဇာတ်ကားကောင်းများစွာကို ဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာတစ်ဦးလဲဖြစ်ပါတယ်။

အခုလက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ မကြေးစည် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကို ချီးကျူးစကားဆိုလိုက်ပါတယ်။ မကြေးစည် ဇာတ်ကားဟာ ပရိသတ်တွေကြားမှာ အတော်လေးနာမည်ကြီး အောင်မြင်နေပြီး ပရိသတ်တိုင်း ညစဥ်စောင့်ကြည့်အားပေးနေရတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒါရိုက်တာ မောင်သီ ဟာ “ပေါက်ကြီး နှင့် သံလုံး တာဝန်ကျေကြပြီ။မျှော်လင့်ထားတဲ့အတိုင်းအကောင်းဆုံးကြိုးစားကြလို့ ကျေနပ်တယ်” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသာားတာကို တွေ့ရပါတယ်။

မကြေးစည်ဇာတ်လမ်းတွဲမှာ အကောင်းဆုံးသရုပ်ဆောင်ထားတဲ့သူတွေအနက် ” အရူးပေါက်ကြီး” ကာရိုက်တာကို သရုပ်ဆောင်တဲ့ ဦးကံပွင့် အတွက်ဂုဏ်ပြုစကားလဲ ဆိုထားပါသေးတယ်။ ပရိသတ်ကြီးရေ မကြေးစည်ဇာတ်လမ်းတွဲကို ကြည့်ဖြစ်ကြလား၊ဘယ်ကာရိုက်တာ ဘယ်ဇာတ်ကောင်တွေကို အကြိုက်ဆုံးလဲ ပြောပေးခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss