Tuesday, October 4, 2022

Latest Posts

မင်းသမီးကြီး မေသန်းနု မွေးနေ့ကို သတိတရနဲ့ ဆုတောင်းပေးလိုက်တဲ့ သရုပ်ဆောင် မျိုးမျိုးခိုင်

Unicoe Version

မေသန်းနုကတော့ မြန်မာ့ရုပ်ရှင်လောကမှာ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ သမ္ဘာရင့် မင်းသမီးကြီးတစ်ဦးပဲဖြစ်ပါတယ်။ မို့မို့မြင့်အောင်အလွန် ထက်ထက်မိုးဦးတို့မတိုင်ခင်ခေတ်ဟာ မေသန်းနုခေတ်ဖြစ်ခဲ့ပါတယ်။ ရင်းနှီးသူတွေက မဆင့်လို့ခေါ်ကြ မေသန်းနုကိုတော့ ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးရပ်ဇာတိကတော့ တင်္နသာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပဲဖြစ်ပါတယ်။ အမည်ရင်းကတော့ သန်းသန်းဆင့်ဖြစ်ပါတယ်နော်။

ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ကတော့ မင်းသမီးကြီး မေသန်းနု ရဲ့ ၆၁ မွေးနေ့ပဲ ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့ကို သရုပ်ဆောင် မျိုးမျိုးခိုင် က သတိတရရှိစွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်။ ” ဟက်ပီးဘတ်ဒေးချစ်မကြီး သက်ရှည်ကျမ်းမာစီးပွားတိုးပါစေရွေဆင့်” ဆိုပြီး ဆုတောင်းစကားပြောထားပါတယ်။ မြန်မာ့ရုပ်ရှင်လောကရဲ့ ဂန္တဝင်ရုပ်ရှင်တစ်ခုဖြစ်တဲ့ သင်္ကြန်မိုးဇာတ်ကားမှာ မင်းသမီးကြီးခင်သန်းနုရဲ့ သမီးဖြစ်သူနေရာကနေ ပါဝင်သရုပ်ဆောင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး မေသန်းနုကတော့ အခုချိန်မှာဆိုရင်တော့ ၆၁ နှစ်ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ မင်းသမီးကြီး မေသန်းနု ရဲ့ ဒီနေ့မှာကျရောက်တဲ့ ၆၁ နှစ်ပြည့်မွေးနေ့လေးကို ဆုတောင်းစကားတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version





Latest Posts

Don't Miss