Friday, September 30, 2022

Latest Posts

မင်းသား မင်းမော်ကွန်း နဲ့ ပတ်သက်လို့ ပရိသတ်တွေကို သတင်းစကားပါးလိုက်တဲ့ ဒါရိုက်တာ သည်ခေတ်နေ

Unicode Version

ပရိသတ်ကြီးရေ မြန်မာ့ရုပ်ရှင်လောကမှာ ရုပ်ရှင်ဇာတ်ကားတွေကို အကောင်းဆုံးဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ သည်ခေတ်နေ ဟာ MRTV-4 မှာထုတ်လွှင့်ပြသခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ” မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရတာကြောင့် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။ ဒါရိုက်တာ သည်ခေတ်နေ ဟာ မကြာသေးခင်နာရီပိုင်းလောက်က မင်းသား မင်းမော်ကွန်း နဲ့ ပတ်သတ်လို့ သတင်းစကားလေးတစ်ခု ပါးလိုက်ပါတယ်။

ဒါရိုက်တာ သည်ခေတ်နေ ဟာ မင်းသား မင်းမော်ကွန်း ရဲ့ ဖေ့ဘွတ်ကိုယ်ပိုင်လူမူ့စာမျက်နှာ ပိတ်ခံလိုက်ရတယ်ဆိုတဲ့ အကြောင်းကို ပရိသတ်တွေကို အသိပေးလာပါတယ်။ ” ကိုမင်းမော်ကွန်းရဲ့ အကောင့် (၁)လအပိတ်ခံထားရတဲ့အတွက် ဒီရက်ပိုင်း တော်လှန်ရေးနဲ့ပက်သတ်ပြီး လှုံဆော်ချင်တာတွေ ပြောချင်တာတွေပြောမရပါဘူး ” လို့ သည်ခေတ်နေ ဟာ သူ့ရဲ့ဖေ့ဘွတ်အကောင့်ကနေ အသိပေးထားပါတယ်။ မင်းသား မင်းမော်ကွန်း ဟာ ဖေ့ဘွတ်အကောင့် အပိတ်ခံထားရပေမယ့် ပြည်သူတွေနဲ့ တစ်သားတည်း ရှိနေပါတယ်ဆိုတဲ့ အကြောင်းကိုလဲ ဒါရိုက်တာ သည်ခေတ်နေ နဲ့အတူ သတင်းလက်ဆောင်ပါးလိုက်ပါသေးတယ်။

မင်းသား မင်းမော်ကွန်း ဟာ ဖေ့ဘွတ်မှာ လှုပ်ရှားမူ့တွေ အတန်ကြာ ပျောက်ကွယ်နေတာကြောင့် ပရိသတ်တွေက စိုးရိမ်စိတ်ပူနေကြတာပါ။ အခုဆိုရင်တော့ ဒါရိုက်တာ သည်ခေတ်နေ ရဲ့ သတင်းစကားကြောင့် ချစ်တဲ့ပရိသတ်တွေ စိတ်အေးကြရပါပြီနော်။ ပရိသတ်ကြီးရေ ကိုကျော် ကို မမြင်ရတာကြာလို့ လွမ်းနေကြပြီလား???

ZawGyi Verison

မင္းသား မင္းေမာ္ကြန္း နဲ႔ ပတ္သက္လို႔ ပရိသတ္ေတြကို သတင္းစကားပါးလိုက္တဲ့ ဒါ႐ိုက္တာ သည္ေခတ္ေန

ပရိသတ္ႀကီးေရ ျမန္မာ့႐ုပ္ရွင္ေလာကမွာ ႐ုပ္ရွင္ဇာတ္ကားေတြကို အေကာင္းဆုံးဖန္တီး႐ိုက္ကူးႏိုင္တဲ့ ဒါ႐ိုက္တာ သည္ေခတ္ေန ဟာ MRTV-4 မွာထုတ္လႊင့္ျပသခဲ့တဲ့ နာမည္ႀကီးဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ ” မေန႔ကျဖစ္သည္” ဇာတ္လမ္းတြဲကို ႐ိုက္ကူးခဲ့သူတစ္ဦး ျဖစ္ပါတယ္။ သူဟာ လက္ရွိမွာ ပုဒ္မ ၅၀၅ က နဲ႔တရားစြဲဆိုခံထားရတာေၾကာင့္ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို မိသားစုနဲ႔အတူ တိမ္းေရွာင္ေနရပါတယ္။ ဒါ႐ိုက္တာ သည္ေခတ္ေန ဟာ မၾကာေသးခင္နာရီပိုင္းေလာက္က မင္းသား မင္းေမာ္ကြန္း နဲ႔ ပတ္သတ္လို႔ သတင္းစကားေလးတစ္ခု ပါးလိုက္ပါတယ္။

ဒါ႐ိုက္တာ သည္ေခတ္ေန ဟာ မင္းသား မင္းေမာ္ကြန္း ရဲ႕ ေဖ့ဘြတ္ကိုယ္ပိုင္လူမူ႔စာမ်က္ႏွာ ပိတ္ခံလိုက္ရတယ္ဆိုတဲ့ အေၾကာင္းကို ပရိသတ္ေတြကို အသိေပးလာပါတယ္။ ” ကိုမင္းေမာ္ကြန္းရဲ႕ အေကာင့္ (၁)လအပိတ္ခံထားရတဲ့အတြက္ ဒီရက္ပိုင္း ေတာ္လွန္ေရးနဲ႔ပက္သတ္ၿပီး လႈံေဆာ္ခ်င္တာေတြ ေျပာခ်င္တာေတြေျပာမရပါဘူး ” လို႔ သည္ေခတ္ေန ဟာ သူ႔ရဲ႕ေဖ့ဘြတ္အေကာင့္ကေန အသိေပးထားပါတယ္။ မင္းသား မင္းေမာ္ကြန္း ဟာ ေဖ့ဘြတ္အေကာင့္ အပိတ္ခံထားရေပမယ့္ ျပည္သူေတြနဲ႔ တစ္သားတည္း ရွိေနပါတယ္ဆိုတဲ့ အေၾကာင္းကိုလဲ ဒါ႐ိုက္တာ သည္ေခတ္ေန နဲ႔အတူ သတင္းလက္ေဆာင္ပါးလိုက္ပါေသးတယ္။

မင္းသား မင္းေမာ္ကြန္း ဟာ ေဖ့ဘြတ္မွာ လႈပ္ရွားမူ႔ေတြ အတန္ၾကာ ေပ်ာက္ကြယ္ေနတာေၾကာင့္ ပရိသတ္ေတြက စိုးရိမ္စိတ္ပူေနၾကတာပါ။ အခုဆိုရင္ေတာ့ ဒါ႐ိုက္တာ သည္ေခတ္ေန ရဲ႕ သတင္းစကားေၾကာင့္ ခ်စ္တဲ့ပရိသတ္ေတြ စိတ္ေအးၾကရပါၿပီေနာ္။ ပရိသတ္ႀကီးေရ ကိုေက်ာ္ ကို မျမင္ရတာၾကာလို႔ လြမ္းေနၾကၿပီလား???

Latest Posts

Don't Miss