Monday, October 3, 2022

Latest Posts

မင်္ဂလာနှစ်ပတ်လည်နေ့မှာ ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ နှိုင်းရှင်မြင့်မိုရ်

Unicode Version

သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ် ကတော့ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း သရုပ်ဆောင်ကောင်းတာကြောင့် ပရိတ်သတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။ နှိုင်းရှင်မြင့်မိုရ် ကတော့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ကောင်းရုံသာမက ဈေးရောင်းတဲ့ နေရာမှာလည်း ထူးချွန်လွန်းသူတစ်ယောက်ဖြစ်ပါတယ်။ နှိုင်းရှင်မြင့်မိုရ် ကတော့ သူမနဲ့ အတူတူ အနုပညာလောကထဲက သရုပ်ဆောင်ကိုဘင်းနဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ဦးကိုပိုင်ဆိုင်ထားပါတယ်။ အခုဆိုရင်တော့ နှိုင်းရှင်မြင့်မိုရ် နဲ့ ကိုဘင်းတို့ကတော့ ဒုတိယမြောက် သားငယ်လေးကိုထပ်မံပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီနေ့လေးကတော့ ကိုဘင်းတို့ဇနီးမောင်နှံ ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။

ဇာတ်ပို့သရုပ်ဆောင် နှိုင်းယျဥ်မြင့်မိုရ် ကတော့ ချစ်ရတဲ့ခင်ပွန်းနဲ့ မင်္ဂလာသက်တမ်း ၁၀နှစ်ပြည့်ပြီလို့ သူမလူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ သူမခင်ပွန်းကို အမွှန်းတင်ချီးကျူးစကားလေးတွေနဲ့ ကျေးဇူးတင်စကားဆိုထားပါသေးတယ်။ ” ဒီနေ့ 10နှစ်ပြည့်ပီ ခလေးလည်း 2ယောက်အဖတ်တင်ပီ တစ်နှစ်မှလည်း ဘာမှမရခဲ့ပါဘူး အရက်မသောက် ဖဲမရိုက် ‌ဆေးလိပ်ကွမ်းမသောက်စား လောင်းကစား မလုပ် မူးယးစ်ဆေးဝါးမသုံးစွဲ မယားငယ်မထားသေးပဲ သစ္စာရှိပေးတာနဲ့တင် ကျေးဇူးတင်ပါတယ် ” လို့ ဓာတ်ပုံးလေးတွေနဲ့အတူ ရေးသားမျှဝေထားပါတယ်။ သူမရဲ့ပိုစ်အောက်မှာတော့ ကိုဘင်းတို့ဇနီးမောင်နှံကို မင်္ဂလာနှစ်ပတ်လည်အတွက် ဆုတောင်းပေးထားတဲ့ ပရိသတ်တွေနဲ့ အားကျနေကြတဲ့ ပရိသတ်တွေရဲ့ ကောမန့်တွေကိုလဲ တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ကိုဘင်းတို့ဇနီးမောင်နှံအတွက် မင်္ဂနှစ်ပတ်လည်ဆုတောင်းစကားလေးတွေကို ကောမန့်မှာရေးသားပေးခဲ့ပါအုန်းနော်။

ZawGyi Version

မဂၤလာႏွစ္ပတ္လည္ေန႔မွာ ခင္ပြန္းျဖစ္သူကို ေက်းဇူးတင္စကားဆိုလိုက္တဲ့ ႏႈိင္းရွင္ျမင့္မိုရ္

သ႐ုပ္ေဆာင္ ႏႈိင္းရွင္ျမင့္မိုရ္ ကေတာ့ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း သ႐ုပ္ေဆာင္ေကာင္းတာေၾကာင့္ ပရိတ္သတ္ေတြရဲ႕အားေပးမႈကို အခိုင္အမာရရွိထားတာပဲျဖစ္ပါတယ္။ ႏႈိင္းရွင္ျမင့္မိုရ္ ကေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ သ႐ုပ္ေဆာင္ေကာင္း႐ုံသာမက ေဈးေရာင္းတဲ့ ေနရာမွာလည္း ထူးခြၽန္လြန္းသူတစ္ေယာက္ျဖစ္ပါတယ္။ ႏႈိင္းရွင္ျမင့္မိုရ္ ကေတာ့ သူမနဲ႔ အတူတူ အႏုပညာေလာကထဲက သ႐ုပ္ေဆာင္ကိုဘင္းနဲ႔ အိမ္ေထာင္က်ၿပီး ခ်စ္စရာေကာင္းတဲ့ သားေလးတစ္ဦးကိုပိုင္ဆိုင္ထားပါတယ္။ အခုဆိုရင္ေတာ့ ႏႈိင္းရွင္ျမင့္မိုရ္ နဲ႔ ကိုဘင္းတို႔ကေတာ့ ဒုတိယေျမာက္ သားငယ္ေလးကိုထပ္မံပိုင္ဆိုင္သြားခဲ့ၿပီပဲျဖစ္ပါတယ္။ ဒီေန႔ေလးကေတာ့ ကိုဘင္းတို႔ဇနီးေမာင္ႏွံ ရဲ႕ မဂၤလာႏွစ္ပတ္လည္ေန႔ေလးပဲျဖစ္ပါတယ္။

ဇာတ္ပို႔သ႐ုပ္ေဆာင္ ႏႈိင္းယ်ဥ္ျမင့္မိုရ္ ကေတာ့ ခ်စ္ရတဲ့ခင္ပြန္းနဲ႔ မဂၤလာသက္တမ္း ၁၀ႏွစ္ျပည့္ၿပီလို႔ သူမလူမူ႔ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။ သူမခင္ပြန္းကို အမႊန္းတင္ခ်ီးက်ဴးစကားေလးေတြနဲ႔ ေက်းဇူးတင္စကားဆိုထားပါေသးတယ္။ ” ဒီေန႔ 10ႏွစ္ျပည့္ပီ ခေလးလည္း 2ေယာက္အဖတ္တင္ပီ တစ္ႏွစ္မွလည္း ဘာမွမရခဲ့ပါဘူး အရက္မေသာက္ ဖဲမ႐ိုက္ ‌ေဆးလိပ္ကြမ္းမေသာက္စား ေလာင္းကစား မလုပ္ မူးယးစ္ေဆးဝါးမသုံးစြဲ မယားငယ္မထားေသးပဲ သစၥာရွိေပးတာနဲ႔တင္ ေက်းဇူးတင္ပါတယ္ ” လို႔ ဓာတ္ပုံးေလးေတြနဲ႔အတူ ေရးသားမွ်ေဝထားပါတယ္။ သူမရဲ႕ပိုစ္ေအာက္မွာေတာ့ ကိုဘင္းတို႔ဇနီးေမာင္ႏွံကို မဂၤလာႏွစ္ပတ္လည္အတြက္ ဆုေတာင္းေပးထားတဲ့ ပရိသတ္ေတြနဲ႔ အားက်ေနၾကတဲ့ ပရိသတ္ေတြရဲ႕ ေကာမန႔္ေတြကိုလဲ ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ ကိုဘင္းတို႔ဇနီးေမာင္ႏွံအတြက္ မဂၤႏွစ္ပတ္လည္ဆုေတာင္းစကားေလးေတြကို ေကာမန႔္မွာေရးသားေပးခဲ့ပါအုန္းေနာ္။

Latest Posts

Don't Miss