Friday, September 30, 2022

Latest Posts

မင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ပါလို့ ဝမ်းသာစွာ ပြောလိုက်တဲ့ မင်းသမီး စိုးမြတ်နန္ဒာ

ပရိသတ်တွေက ချစ်စနိုးနဲ့ ဒါဒါလို့ခေါ်ကြတဲ့ ဝါရင့်မင်းသမီးကြီး စိုးမြတ်နန္ဒာ ကတော့ တစ်ခေတ်တစ်ခါတုန်းက မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးချောတစ်လက် ဖြစ်ခဲ့ပါတယ်။ အနုပညာမျိုးရိုးရှိသူပီပီ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ ဝါရင့်မင်းသမီးတစ်လက်ဖြစ်တာကြောင့် အကယ်ဒမီဆုတွေကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက် ရှိနေပါတယ်။

မင်းသမီး စိုးမြတ်နန္ဒာ ရဲ့ အိမ်ထောင်ရေးကတော့ အဆိုတော်ဖြိုးကြီးနဲ့ အိမ်ထောင်ကျပြီးနောက် “မြတ်သောမောင်” ဆိုတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ ဖြိုးကြီးနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ လက်ရှိမှာ ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး စိုးသူ နဲ့ သာယာပျော်ရွယ်ဖွယ်ကောင်းတဲ့ အချစ်ခရီးလမ်းကို တူတူလျှောက်လှမ်းနေကြပါတယ်နော်။ သူမ ဟာ အသက် ၄၂ နှစ် အရွယ်ရောက်ရှိနေပြီဖြစ်ပေမယ့် နုပျိုလှပနေဆဲ ဖြစ်ပါတယ်။ မင်းသမီး စိုးမြတ်နန္ဒာ ဟာ မင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ပါလို့ ပြောလိုက်ပါတယ်။

ပရိတ်သတ်ကြီးရေ ဒီနေ့ကတော့ မင်းသမီး စိုးမြတ်နန္ဒာ ပြောသလိုပဲ တကယ်ပဲ မင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေ ပြန်လည်လွတ်မြောက်လာတော့မှာကြောင့်လဲ ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာရှင်တွေအားလုံး ဝမ်းသာ‌နေကြတာ ဖြစ်ပါတယ်။





Latest Posts

Don't Miss