Tuesday, October 4, 2022

Latest Posts

မင်္ဂလာသက်တမ်း နှစ်၄၀ပြည့်သွားပြီဖြစ်တဲ့ ဦးကျော်သူ နဲ့ ဒေါ်ရွှေဇီးကွက်တို့ ဇနီးမောင်နှံ

Unicode Version

ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် အကယ်ဒမီ မင်းသားကြီး ဦးကျော်သူ ကတော့ ဆယ်စုနှစ်တစ်ခုကြာ မြန်မာ့ရုပ်ရှင်လောကမှာ ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ကားကောင်းများစွာကိုရိုက်ကူးထားပြီးတော့ အကယ်ဒမီတွေအများကြီးရရှိထားတဲ့ မင်းသားကြီးတစ်လက်ပဲဖြစ်ပါတယ်။ ဦးကျော်သူ ကတော့ ပရဟိတလုပ်ငန်းတွေကို နုစဉ်အချိန်ထည်းက ယခုတိုင်တစ်စိုက်မတ်မတ်လုပ်ဆောင်ခဲ့တာကြောင့် ပရဟိတမင်းသားကြီးလို့လဲ ခေါ်ကြပါတယ်။ ဒီနေ့လေးကတော့ ဦးကျော်သူ နဲ့သူရဲ့ဇနီး အန်တီဒေါ်ရွှေဇီးကွက်တို့ ရဲ့ မင်္ဂလာသက်တမ်း နှစ် ၄၀ပြည့်တဲ့နေ့လေးပဲဖြစ်ပါတယ်။

မင်္ဂလာသက်တမ်း နှစ်၄၀ပြည့်သွားပြီဖြစ်တဲ့ ဦးကျော်သူ နဲ့ ဒေါ်ရွှေဇီးကွက်တို့ ဇနီးမောင်နှံ

တက္ကသိုလ် ကျောင်းသားဘဝ ၁၉၇၈ ခုနှစ်ဝန်းကျင်မှာတော့ ဇနီးဖြစ်လာမယ့် မမြင့်မြင့်ခင်ဖေ နဲ့ တွေ့ဆုံခဲ့ပါတယ်၊၊ ဆေးဆွဲခဲ့ဖူးပြီး စာမေးပွဲ တဖုန်းဖုန်းကျနေတဲ့ ကိုကျော်သူကို ချစ်သူဖြစ်သူ မမြင့်မြင့်ခင်ဖေ တို့ မိဘအသိုင်းအဝိုင်းက သဘောမတွေ့ ခဲ့တာကြောင့် အသက် ၂၀ အရွယ်မှာ မမြင့်မြင့်ခင်ဖေ ခေါ် မရွှေဇီးကွက် ကို ခိုးပြေးခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ၁၉၈၁ခုနှစ် ၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြပါတယ်။ ပြည်သိမ်းကျော် နဲ့ မြင့်မိုရ်ကျော်သူ ဆိုတဲ့ သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ အိမ်ထောင်ကျ ပြီးတဲ့နောက်မှာ ဒါရိုက်တာ ဦးမျိုးမြင့်အောင် နဲ့တွေ့ပြီး ကိုကျော်သူဟာ အနုပညာလောကထဲကို ရောက်ရှိလာခဲ့ပါတော့တယ်။

မင်္ဂလာသက်တမ်း နှစ်၄၀ပြည့်သွားပြီဖြစ်တဲ့ ဦးကျော်သူ နဲ့ ဒေါ်ရွှေဇီးကွက်တို့ ဇနီးမောင်နှံ

ယနေ့ကတော့ ဦးကျော်သူ နဲ့ ဒေါ်ရွှေဇီးကွက်တို့ ဇနီးမောင်နှံ ၏ မင်္ဂလာနှစ်ပတ်လည် နှစ်၄၀ပြည့်သည့် နေ့ဖြစ်ပါသည်။ မင်္ဂလာသက်တမ်း နှစ်၄၀ပြည့်မှသည် နှစ်ပေါင်းများစွာတိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။

မင်္ဂလာသက်တမ်း နှစ်၄၀ပြည့်သွားပြီဖြစ်တဲ့ ဦးကျော်သူ နဲ့ ဒေါ်ရွှေဇီးကွက်တို့ ဇနီးမောင်နှံ

ZawGyi Version

မဂၤလာသက္တမ္း ႏွစ္၄၀ျပည့္သြားၿပီျဖစ္တဲ့ ဦးေက်ာ္သူ နဲ႔ ေဒၚေ႐ႊဇီးကြက္တို႔ ဇနီးေမာင္ႏွံ

ပရိသတ္ႀကီးေရ ဝါရင့္သ႐ုပ္ေဆာင္ အကယ္ဒမီ မင္းသားႀကီး ဦးေက်ာ္သူ ကေတာ့ ဆယ္စုႏွစ္တစ္ခုၾကာ ျမန္မာ့႐ုပ္ရွင္ေလာကမွာ ေကာင္းမြန္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ ဇာတ္ကားေကာင္းမ်ားစြာကို႐ိုက္ကူးထားၿပီးေတာ့ အကယ္ဒမီေတြအမ်ားႀကီးရရွိထားတဲ့ မင္းသားႀကီးတစ္လက္ပဲျဖစ္ပါတယ္။ ဦးေက်ာ္သူ ကေတာ့ ပရဟိတလုပ္ငန္းေတြကို ႏုစဥ္အခ်ိန္ထည္းက ယခုတိုင္တစ္စိုက္မတ္မတ္လုပ္ေဆာင္ခဲ့တာေၾကာင့္ ပရဟိတမင္းသားႀကီးလို႔လဲ ေခၚၾကပါတယ္။ ဒီေန႔ေလးကေတာ့ ဦးေက်ာ္သူ နဲ႔သူရဲ႕ဇနီး အန္တီေဒၚေ႐ႊဇီးကြက္တို႔ ရဲ႕ မဂၤလာသက္တမ္း ႏွစ္ ၄၀ျပည့္တဲ့ေန႔ေလးပဲျဖစ္ပါတယ္။

တကၠသိုလ္ ေက်ာင္းသားဘဝ ၁၉၇၈ ခုႏွစ္ဝန္းက်င္မွာေတာ့ ဇနီးျဖစ္လာမယ့္ မျမင့္ျမင့္ခင္ေဖ နဲ႔ ေတြ႕ဆုံခဲ့ပါတယ္၊၊ ေဆးဆြဲခဲ့ဖူးၿပီး စာေမးပြဲ တဖုန္းဖုန္းက်ေနတဲ့ ကိုေက်ာ္သူကို ခ်စ္သူျဖစ္သူ မျမင့္ျမင့္ခင္ေဖ တို႔ မိဘအသိုင္းအဝိုင္းက သေဘာမေတြ႕ ခဲ့တာေၾကာင့္ အသက္ ၂၀ အ႐ြယ္မွာ မျမင့္ျမင့္ခင္ေဖ ေခၚ မေ႐ႊဇီးကြက္ ကို ခိုးေျပးခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ ၁၉၈၁ခုႏွစ္ ၊ ဒီဇင္ဘာလ ၃၁ ရက္ေန႔မွာ ႏွစ္ဦးသေဘာတူ လက္ထပ္ခဲ့ၾကပါတယ္။ ျပည္သိမ္းေက်ာ္ နဲ႔ ျမင့္မိုရ္ေက်ာ္သူ ဆိုတဲ့ သားတစ္ေယာက္ သမီးတစ္ေယာက္ ထြန္းကားခဲ့ပါတယ္။ အိမ္ေထာင္က် ၿပီးတဲ့ေနာက္မွာ ဒါ႐ိုက္တာ ဦးမ်ိဳးျမင့္ေအာင္ နဲ႔ေတြ႕ၿပီး ကိုေက်ာ္သူဟာ အႏုပညာေလာကထဲကို ေရာက္ရွိလာခဲ့ပါေတာ့တယ္။

ယေန႔ကေတာ့ ဦးေက်ာ္သူ နဲ႔ ေဒၚေ႐ႊဇီးကြက္တို႔ ဇနီးေမာင္ႏွံ ၏ မဂၤလာႏွစ္ပတ္လည္ ႏွစ္၄၀ျပည့္သည့္ ေန႔ျဖစ္ပါသည္။ မဂၤလာသက္တမ္း ႏွစ္၄၀ျပည့္မွသည္ ႏွစ္ေပါင္းမ်ားစြာတိုင္ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းေပးလိုက္ရပါသည္။

Latest Posts

Don't Miss