Friday, September 30, 2022

Latest Posts

မနှစ်က ဖေဖော်ဝါရီ ထက်ပိုဆိုးတာမျိုး ကြုံနေရတယ်ဆိုတဲ့ ဦးကျော်သက်လင်း

Unicode Version

“ကျန်းမာတော်မူကြပါစခင်ဗျာ” လို့ ငယ်စဥ်အချိန်ထဲက ည ၈နာရီဆိုရင် ကြားနေရစမြဲဖြစ်တဲ့ MRTV မှသတင်းတင်ဆက်သူတစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်း ကိုတော့ လူတိုင်းမှတ်မိကြလိမ့်မယ်ထင်ပါတယ်နော်။ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ တိုက်ပုံအင်္ကျီကို သေသေသပ်သပ် ဝတ်ဆင်ထားပြီး အသံပါဝါကောင်းကောင်းနဲ့ သတင်းတွေကို ပြတ်ပြတ်သားသား တင်ဆက်နိုင်သူတစ်ဦးပါပဲ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်တွင် အစောဆုံး CDM ပြုလုပ်ခဲ့တဲ့ MRTV မှ ဝန်ထမ်းတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပရိသတ်တွေက ဦးကျော်သက်လင်း ကိုပိုမိုချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ဦးကျော်သက်လင်း ကတော့ သူ့ရဲ့ ရင်တွင်းခံစားချက်တစ်ချို့ကိုသူ့ရဲ့ facebook စာမျက်နှာမှာမျှ‌ဝေခဲ့တာပဲဖြစ်ပါတယ်။

သတင်းတင်ဆက်သူတစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်း ဟာ ဖေဖော်ဝါရီလကြီးကို အရမ်းမုန်းနေတယ်လို့ သိရပါတယ်။ အရင်နှစ်ထက်ပိုဆိုးနေတဲ့ ဖေဖော်ဝါရီလက သူ့အတွက်ကံကောင်းခြင်းတွေ မပေးပါဘူးတဲ့။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး “ဘာမှမရေးခဲ့ရင်လည်း အမှတ်တရတွေက တစ်နှစ်ပြည့်တဲ့အခါသတိရစရာအဖြစ်ပြန်ပေါ်လာမှာမဟုတ်ဘူး။ မနှစ်က ဖေဖော်ဝါရီ ထက်ပိုဆိုးတာမျိုး ငါကြုံနေရတော့…။ ဖေဖော်ဝါရီရေ မင်းကလူတွေသတ်မှတ်ထားတဲ့လတစ်လပါပဲ။ ငါကတော့ ဖေဖော်ဝါရီရောက်တိုင်း စိတ်ရော လူပါ အမြဲပင်ပမ်းရတော့ မင်းကိုပဲနာမည်တတ်ပြီးအပြစ်တင် လိုက်မိတယ်။ ငါ…ကံကောင်းနိုင်သေးလား ဖြေပါဦး ဖေဖော်ဝါရီရေ…။ အားတင်းပြီး ရယ်ကြည့်မယ်အဆင်ပြေပါရဲ့လား…ဖေဖော်ဝါရီ။ “လို့ သူ့ရဲလူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ဦးကျော်သက်လင်း ရေးသားထားတာနဲ့ ပတ်သတ်ပြီး ချစ်တဲ့ပရိသတ်တွေ နဲ့ မိတ်ဆွေတွေက စိတ်မကောင်းဖြစနေကြပြီး အားပေးစကားပြောထားကြတာကိုလဲ တွေ့ရပါတယ်။

ZawGyi Vesion

မႏွစ္က ေဖေဖာ္ဝါရီ ထက္ပိုဆိုးတာမ်ိဳး ႀကဳံေနရတယ္ဆိုတဲ့ ဦးေက်ာ္သက္လင္း

“က်န္းမာေတာ္မူၾကပါစခင္ဗ်ာ” လို႔ ငယ္စဥ္အခ်ိန္ထဲက ည ၈နာရီဆိုရင္ ၾကားေနရစၿမဲျဖစ္တဲ့ MRTV မွသတင္းတင္ဆက္သူတစ္ဦးျဖစ္တဲ့ ဦးေက်ာ္သက္လင္း ကိုေတာ့ လူတိုင္းမွတ္မိၾကလိမ့္မယ္ထင္ပါတယ္ေနာ္။ သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ဟာ တိုက္ပုံအက်ႌကို ေသေသသပ္သပ္ ဝတ္ဆင္ထားၿပီး အသံပါဝါေကာင္းေကာင္းနဲ႔ သတင္းေတြကို ျပတ္ျပတ္သားသား တင္ဆက္ႏိုင္သူတစ္ဦးပါပဲ။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခ်ိန္တြင္ အေစာဆုံး CDM ျပဳလုပ္ခဲ့တဲ့ MRTV မွ ဝန္ထမ္းတစ္ဦးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ပရိသတ္ေတြက ဦးေက်ာ္သက္လင္း ကိုပိုမိုခ်စ္ခင္အားေပးေနၾကတာပဲ ျဖစ္ပါတယ္။ လက္ရွိမွာ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ ဦးေက်ာ္သက္လင္း ကေတာ့ သူ႔ရဲ႕ ရင္တြင္းခံစားခ်က္တစ္ခ်ိဳ႕ကိုသူ႔ရဲ႕ facebook စာမ်က္ႏွာမွာမွ်‌ေဝခဲ့တာပဲျဖစ္ပါတယ္။

သတင္းတင္ဆက္သူတစ္ဦးျဖစ္တဲ့ ဦးေက်ာ္သက္လင္း ဟာ ေဖေဖာ္ဝါရီလႀကီးကို အရမ္းမုန္းေနတယ္လို႔ သိရပါတယ္။ အရင္ႏွစ္ထက္ပိုဆိုးေနတဲ့ ေဖေဖာ္ဝါရီလက သူ႔အတြက္ကံေကာင္းျခင္းေတြ မေပးပါဘူးတဲ့။ ဒီအေၾကာင္းနဲ႔ ပတ္သတ္ၿပီး “ဘာမွမေရးခဲ့ရင္လည္း အမွတ္တရေတြက တစ္ႏွစ္ျပည့္တဲ့အခါသတိရစရာအျဖစ္ျပန္ေပၚလာမွာမဟုတ္ဘူး။ မႏွစ္က ေဖေဖာ္ဝါရီ ထက္ပိုဆိုးတာမ်ိဳး ငါႀကဳံေနရေတာ့…။ ေဖေဖာ္ဝါရီေရ မင္းကလူေတြသတ္မွတ္ထားတဲ့လတစ္လပါပဲ။ ငါကေတာ့ ေဖေဖာ္ဝါရီေရာက္တိုင္း စိတ္ေရာ လူပါ အၿမဲပင္ပမ္းရေတာ့ မင္းကိုပဲနာမည္တတ္ၿပီးအျပစ္တင္ လိုက္မိတယ္။ ငါ…ကံေကာင္းႏိုင္ေသးလား ေျဖပါဦး ေဖေဖာ္ဝါရီေရ…။ အားတင္းၿပီး ရယ္ၾကည့္မယ္အဆင္ေျပပါရဲ႕လား…ေဖေဖာ္ဝါရီ။ “လို႔ သူ႔ရဲလူမူ႔ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။

ဦးေက်ာ္သက္လင္း ေရးသားထားတာနဲ႔ ပတ္သတ္ၿပီး ခ်စ္တဲ့ပရိသတ္ေတြ နဲ႔ မိတ္ေဆြေတြက စိတ္မေကာင္းျဖစေနၾကၿပီး အားေပးစကားေျပာထားၾကတာကိုလဲ ေတြ႕ရပါတယ္။

Latest Posts

Don't Miss